28 C
Yangon

စစ်အာဏာရှင် တော်လှန်နေသော တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၃ ဦး အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်

Must read

စစ်အာဏာရှင် တော်လှန်နေသော တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၃ ဦး အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသား ၊ ကျောင်းသူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီက ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား‌များ သမဂ္ဂ-ဗကသ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ နောက်ဆုံးသီတင်းပတ်အတွင်း အင်း စိန်ထောင် သီးသန့် တရားရုံးက မရွှေရည်ဝင်း (ဒုတိယနှစ် ၊ ဥပဒေပညာ)၊ ကိုဉာဏ်ဝင်းထက် ( ဒုတိယနှစ် ၊ စိတ် ပညာ) ၊ မဆု ရည် လင်း (ရရတကသ – ဥက္ကဌ) တို့ ၃ ဦးကို ထောင် ဒဏ် များ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသူ မရွှေရည်ဝင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ်၊ ကိုဉာဏ်ဝင်း ထက်ကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၅ နှစ်၊ မဆုရည်လင်းကိုမူ ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ထပ်တိုးစွဲဆိုထားသည့် ပုဒ်မ ၄၂၀ (က)နှင့် ၄၆၈ တို့ဖြင့် တစ်ပေါင်းတည်း ၂ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မဆုရည်လင်းမှာ မတ်လ ၃၀ ရက်နေ့ ၂၀၂၂ ခုနှစ် ကလည်း ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်၍ စုစုပေါင်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

“အင်းစိန်ထောင်တွင်း တရားရုံးနဲ့ အရှေ့ပိုင်းခရိုင်ရုံးတွေက ချတာပါ။ ဖမ်းဆီးခံရ ပြီး တစ်လဝန်းကျင်လောက်ထိ စစ်ကြောရေးကာလတွေမှာ နှိပ်စက် စစ်ကြော တာတွေတော့ ရှိတယ်။ အချို့ အမှုနည်းတဲ့ လူတွေက သက်သာတာရှိပေမယ့် အမှု များတဲ့ လူတွေက ပိုခံရပါတယ်” ဟု ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသား‌များ သမဂ္ဂ-ဗကသ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

စစ်ကောင်စီက မရွှေရည်ဝင်းကို ဇွန်လ ၁၅ ရက်နေ့ ကြည့်မြင်တိုင်မြို့နယ်ရှိ နေအိမ်၌ ဖမ်းဆီခဲ့ခြင်းဖြစ်ကြောင်း၊ ကိုဉာဏ်ဝင်းထက်ကိုမူ ဇွန်လ ၃၀ ရက်နေ့ ဒေါပုံမြို့နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မဆုရည်လင်းကိုမူ ယမန်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article