29 C
Yangon

Breaking News- ရိုဟင်ဂျာ ၁၃ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဒီဇင် ဘာလ ၄ ရက်နေ့ ညပိုင်းတွင် အလောင်းများကို စွန့်ပစ်ခဲ့၊ အလောင်းများတွင် ညှဉ်းပန်း နှိပ်စက် ခံထား ရသည့် ဒဏ်ရာဒဏ်ချက်များစွာ ရှိနေကြောင်း ဓာတ်ပုံသက်သေအထောက်အထားများနှင့် မျက်မြင်သက်သေများ ရရှိထား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ် အစပ် ၊ရွှေနံ့သာနှင့်ငွေနံ့သာကျေးရွာအကြားရှိ လမ်းဘေးတစ်နေရာတွင် ရိုဟင်ဂျာ လူငယ် ၁၃ ဦး၏ သေဆုံးနေသော အလောင်းများကိုတွေ့ရှိရပြီး အဆိုပါ ရိုဟင်ဂျာ ၁၃ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့ကာ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ စနေနေ့တွင် လှည်းကူးမြို့နယ်အတွင်း ရိုဟင်ဂျာများကို စစ်တပ်၊ ရဲနှင့် ပျူစော ထီး ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ရိုဟင်ဂျာ ၁၃ ဦးအလောင်းများကို စစ်တပ်က စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော ဓာတ်ပုံမှတ်တမ်းများတွင် ရိုဟင်ဂျာလူငယ် ၁၃ ဦး၏ မျက်နှာ များတွင် သွေးသံရဲရဲ ရှိနေပြီး လူငယ်အလောင်းတစ်ဦး၏ခြေထောက်တွင် ရိုက်နှက်ခံထားရသဖြင့် သွေးအလိမ်းလိမ်းဖြင့် ညိုမဲနေသည်ကို မြင်တွေ့ရသည်။

ထိုအလောင်းများကို သွားရောက် ကြည့်ရှုခွင့်ရခဲ့သူ မျက်မြင်သက်သေတစ်ဦးကမူ အလောင်းများ၏ ကျောကုန်များတွင် မီးလောင်ဒဏ်ရာများ တွေ့ရပြီး စစ်ဖိနပ်များနှင့် တက်နင်းထားမှုများကို မြင်တွေ့ ရကြောင်း ပြောဆိုသည်။

စစ်ကောင်စီဘက်က ရိုဟင်ဂျာ ၁၃ ဦးသည် အောက်ဆီဂျင်ပြတ်၍ သေဆုံးသော အလောင်းများ ဖြစ်သည်ဆိုသော ဝါဒဖြန့် သတင်း များကို ဖြန့်ချိခဲ့သော်လည်း ရန်ကုန်ခေတ်သစ်၏ သီးခြား စုံစမ်းချက်များ၊ ဓာတ်ပုံ သက်သေအထောက်အထားများ၊ မျက်မြင်သွားကြည့်သူများ၏ အဆိုအရ ရိုဟင်ဂျာလူငယ် ၁၃ ဦးသည် ဖမ်းဆီး သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။

(စစ်တပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုကြောင့် သေဆုံးထားသော ရိုဟင်ဂျာ လူငယ် ၁၃ ဦး အလောင်း ဓာတ်ပုံသက်သေအထောက်များကို တယ်လီဂရမ်ချန်နယ်တွင် အသေး စိတ်ဖော်ပြပေးထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article