29 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ – ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး ၊ အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့ KNLA ၊ PDF အပါအဝင် မဟာမိတ်တပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေသလို ၊ ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးလာကျဲ သွားတယ်လို့ ရှေ့ တန်း PDF သတင်းရင်းမြစ်တွေက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်တွေကြား ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို ၊ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ပါ လာရောက် ပစ်ခတ်နေရတယ်လို့ ဒေသခံ ပြည်သူတွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ – နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ V4 လမ်းဆုံမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article