26.6 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

ဖားကန့်တွင် “သွေးစွန်းနေတဲ့ ပညာရေးကို ငါတို့တွေကမလိုချင်တော့ဘူး´´ ကြွေးကြော်သံဖြင့် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ကချင်ပြည်နယ်၊ ဖားကန့်တွင် ပြည်သူများနှင့် ကျောင်းသားများ စုပေါင်း၍ ``သွေးစွန်းနေတဲ့ ပညာရေးကို ငါတို့တွေကမလိုချင်တော့ဘူး´´ ဆို​သည့်ကြွေးကြော်သံများနှင့်အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသည့် ကျောင်းသပိတ်ကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ယနေ့ ခေါ်ယူပြီး NUGယာယီသမ္မတ မိန့်ခွန်းပြော၊ အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လွှတ်တော်က လုပ်ဆောင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်ထောင်စုလွှတ်တော် (တတိယအကြိမ်)ကို ယနေ့ အစည်း အဝေးခေါ်ယူလိုက်ပြီး ယာယီသမ္မတက လွှတ်တော်သို့ မိန့်ခွန်းပြောဆိုရာတွင် အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဖက် ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လွှတ်တော်က အရေးကြီးအခန်းကဏ္ဍတွင်ပါဝင်ကြောင်း ပြောဆိုလိုက်သည်။ ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ...

ဝက်လက်တွင် စစ်တပ်က အရှင်အလတ်လတ် မီးရှို့သတ်ခဲ့သော ပြည်သူ ၆ဦး၏ အမည်စာရင်းများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို အရေးယူ ဆောင်ရွာနိုင်ရေး လုပ်ဆောင်နေကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာသား ၆ဦးဖြစ်သည့် ကိုသူရထွန်း၊ ဦးဇော်မင်းထွန်း၊ ကိုကိုလင်းမောင်၊ ကိုသဲထွန်းအောင်၊ ကိုမြင့်အောင်နှင့် ကိုမင်းမင်းထွန်းတို့ကို အကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုးတုပ်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပြီး ထိုစစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို အရေးယူ ဆောင်ရွာနိုင်ရေး လုပ်ဆောင်နေကြောင်း ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က...

အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်ခရိုင် ၃၃၂ ရက်မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၃၃၂ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

အုပ်ချုပ်ရေးမှူးအသတ်ခံရပြီး တွင်းမကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၊ နေအိမ် ၁ လုံးကို မီးရှို့ကာ ကား ၂ စီး ဆိုင်ကယ် ၃ စီးအပါအဝင် ရွှေငွေများကို ခိုးယူ၊ လေဖြတ်နေသူ ၁ ဦးကို ဓါးစာခံလုပ်ဖမ်းဆီး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၅ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာသို့ ဖေဖေါ်ဝါရီလ ၃ ရက် နံနက် ၁၁ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းလာပြီး ရွာသားများကို လိုက်လံပစ်ခတ်ကာ ချမ်းစိမ့်မြိုင်တောရဘုန်းကြီးကျောင်းရှိ ကား ၂ စီး၊ ဆိုင်ကယ် ၃ စီး အပါအဝင် ရွှေငွေအပါအဝင်...

ရန်ကုန် ရွှေပြည်သာတွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆေးနီ ကမ်ပိန်းပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ရန်ကုန် ရွှေပြည်သာတွင် ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆေးနီ ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

လောင်းလုံးတွင် တော်လှန်လူငယ်များက ဖက်ဆစ် စစ်တပ် တော်လှန်ရေး စာတန်းချိတ်ဆွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့ နံနက်ပိုင်းတွင် 'ကယ်တင်ရှင်သည် ဘယ်သောအခါမှမရှိ၊ လွတ်လပ်ခွင့်အတွက် ကိုယ်တိုင်တိုက်ယူကြ၊ ကြောက်ခေတ်ကို မှောက်ပစ်' ဖက်ဆစ် စစ်တပ် တော်လှန်ရေး စာတန်းချိတ်ဆွဲ ခဲ့ကြောင်း သိရသည်။

မြင်းမူ၊ ဘဒတ္တိုင်းရွာတွင် စစ်တပ်က အစုလိုက်အပြုံလိုက် ပြည်သူများကို သတ်ဖြတ်

" ဦးခင်မောင်စိုးက သေနတ်နဲ့ ပစ်သတ်ခံရတာ။ လက်အိတ် တွေနဲ့ ဦးနှောက်တွေပြန်ကောက်ထားရတယ်။ ကျန်တဲ့ အလောင်းတွေကျတော့ ခုတ်ထစ်ပြီးတော့ မီးရှို့ထားတာ။ လက်ရှိ ပျောက်နေတာကတော့ လူ ၂ဝလောက် ပျောက်နေတယ်"By ရန်ကုန်ခေတ်သစ် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းကျေးရွာတွင် ဇန်နဝါရီလ ၃၁ ရက်နေ့ စစ်တပ်က ရဟတ်ယာဉ်ဖြင့်...

ရွှေဘိုတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြချီတက်(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်စောပိုင်းတွင် ချီတက်ခဲ့ကြသည်။ https://youtu.be/fLR74A8iv70

စစ်အာဏာရှင်ကို ချေမှုန်းနိုင်ရေး တိုင်းရင်းသားများအားလုံးလက်တွဲကြပြီး NUG အစိုးရနှင့် ဝန်းရံလက်တွဲသွားကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ စစ်အာဏာရှင်စနစ်ကို "အမြစ်မှအစ အကိုင်းအခက်မကျန်" ချေမှုန်းနိုင်ရန် တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များအားလုံး ပန်းတိုင်တစ်ခုအောက်တွင် အတူတကွလုပ်ဆောင်ကြရန်နှင့် NUG အမျိုးသားညီညွတ်ရေးအစိုးရ ကို ဝန်းရံကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်သည်။ KIO ၏ ၆၁ နှစ်ပြည့်တော်လှန်ရေးနေ့...

Latest news

- Advertisement -spot_img