26 C
Yangon

ဝက်လက်တွင် စစ်တပ်က အရှင်အလတ်လတ် မီးရှို့သတ်ခဲ့သော ပြည်သူ ၆ဦး၏ အမည်စာရင်းများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို အရေးယူ ဆောင်ရွာနိုင်ရေး လုပ်ဆောင်နေကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ ထုတ်ပြန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာသား ၆ဦးဖြစ်သည့် ကိုသူရထွန်း၊ ဦးဇော်မင်းထွန်း၊ ကိုကိုလင်းမောင်၊ ကိုသဲထွန်းအောင်၊ ကိုမြင့်အောင်နှင့် ကိုမင်းမင်းထွန်းတို့ကို အကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုးတုပ်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပြီး ထိုစစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို အရေးယူ ဆောင်ရွာနိုင်ရေး လုပ်ဆောင်နေကြောင်း ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီသည် ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာမှ အပြစ်မဲ့ အရပ်သား ပြည်သူ ၆ဦးအား လူသားမဆန်စွာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်မှု စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လမ်းညွှန်မှုအတိုင်း အရေးယူဆောင်ရွက်နိုင်ရန်အတွက် မှတ်တမ်းတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကြေညာအပ်ပါဟု ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် ရေကြောင်းဖြင့် သစ်ဆိမ့်ကြီးကျေးရွာသို့ ရောက်ရှိလာကာ တပ်စွဲနေထိုင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အရပ်သား ပြည်သူ ၆ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ကာ လူသားဒိုင်းအနေဖြင့် ဖမ်းဆီးထားပြီးနောက် ဖေဖော်ဝါရီလ ၃ရက်နေ့တွင် လက်ပြန်ကြိုးတုပ်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article