29 C
Yangon

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ယနေ့ ခေါ်ယူပြီး NUGယာယီသမ္မတ မိန့်ခွန်းပြော၊ အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လွှတ်တော်က လုပ်ဆောင်မည်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်ထောင်စုလွှတ်တော် (တတိယအကြိမ်)ကို ယနေ့ အစည်း အဝေးခေါ်ယူလိုက်ပြီး ယာယီသမ္မတက လွှတ်တော်သို့ မိန့်ခွန်းပြောဆိုရာတွင် အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဖက် ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး လွှတ်တော်က အရေးကြီးအခန်းကဏ္ဍတွင်ပါဝင်ကြောင်း ပြောဆိုလိုက်သည်။ ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် အစည်းအဝေးသို့ ယာယီသမ္မတက အထက်ပါအတိုင်း မိန့်ခွန်းပေးပို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ “လွှတ်တော်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံးနိုင်ငံရေး အဆောက်အဦ(institution) တခုဖြစ်ပါတယ်။ လွှတ်တော်မရှိရင် ဒီမိုကရေစီမရှိပါဘူး။ ဒါကြောင့် လွှတ်တော်ကို ဆက်လက် ခေါ်ယူနေရတာဖြစ်ပါတယ်။ ပြီးတော့ လွှတ်တော်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ (building) မဟုတ်ပါဘူး။ နိုင်ငံရေးအဖွဲ့အစည်း (institution) ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစနစ် ရှင်သန်ဖို့ ပြည်သူတွေ ရွေးချယ်ထားတဲ့ လွှတ်တော်ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကို ခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်ဖို့ ပြည်ထောင်စု လွှတ်တော်ရှိပါမယ်။ ဒီမိုကရေစီ တရားဝင်ဖို့ လွှတ်တော် ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်မှုကိုခိုင်မာစေဖို့၊ ဒီမိုကရေစီအရေး ဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော် ဆိုတာ ဆက်လက် ကျင်းပနေဖို့လိုပါတယ်။ ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးဟာ ကျွန်တော်တို့ထင်ထားတာထက်တောင် ပိုအရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြလိုပါတယ်” ဟု ယာယီသမ္မတက ပြောဆိုသည်။ အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလမ်းစဉ်တွင် လွှတ် တော်၏ အခန်းကဏ္ဍအရေးကြီးကြောင်း ၊ ဥပဒေပြုရေး အခန်းကဏ္ဍမှ ကျရာတာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံရေးအခက်အခဲတွေ ရင်ဆိုင်နေရတဲ့ကြားကာလမှာ အမျိုးသားညီညွတ်ရေးအစိုးရအတွက် လိုအပ်တဲ့ ဥပဒေပြုရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အခွင့်အာဏာနဲ့ လုပ်ဆောင်မှုတွေကို ကြီးကြပ်ထိန်းညှိပေးဖို့ဟာလည်း လွှတ်တော်ရဲ့ အရေးကြီးတဲ့ တာဝန်ဖြစ်ပါတယ်။ ထို့အတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ဦးဆောင်တဲ့ အစုအဖွဲ့အစုံအလင်နဲ့ အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလမ်းစဥ်မှာလည်း CRPH အနေနဲ့ ဦးဆောင်ဦးရွက် ပြုရအုံးမှာ ဖြစ်ပါတယ်။ CRPH ဟာဆိုရင် အာဏာရှင် မပြုတ်ကျသရွေ့၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲမကျင်းပနိုင်သရွေ့ ဒီနိုင်ငံရဲ့ ဥပဒေပြုရေးနှင့် နိုင်ငံရေး အခန်း ကဏ္ဍမှာ ဆက်လက်ပါဝင်ဆောင်ရွက်ရမှာမို့ အခက်အခဲတွေကို အတူတကွ ကျော်လွှားကြပါစို့” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article