29 C
Yangon

ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက အိန္ဒိယလေပိုင်နက် အသုံးပြု၍ ဗုံးကျဲမှု အနည်းဆုံး ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြား

Must read

ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက အိန္ဒိယလေပိုင်နက် အသုံးပြု၍ ဗုံးကျဲမှု အနည်းဆုံး ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြား

ရန်ကုန်၊ ဇန်နဝါရီ ၁၀

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို စစ်ကောင်စီက အိန္ဒိယလေပိုင်နက်အသုံးပြု၍ ဗုံးကျဲ၊ ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိ သူများပြားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်း ထုတ်ပြန် သည်။

ယနေ့ ညနေ၄ နာရီဝန်းကျင်အချိန် တိုက်လေယာဉ်များဖြင့် ဗုံး ၅ လုံးကျဲချ တိုက် ခိုက်ခြင်းဖြစ်ပြီး ဗုံးကျဲမှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံးကြောင်း၊ ဒဏ် ရာ ရရှိသူများလည်း များပြားကြောင်း၊ တိုက်လေယာဉ်များသည် အိန္ဒိယလေပိုင်နက်ကို အသုံးပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို ဆက်သွယ်သော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article