36 C
Yangon

“ခွေးစာရှယ်ကျွေး တော်လှန် မန္တလေး” ဗီနိုင်းချိတ်ဆွဲကာ လာဖြုတ်သည့် စစ်ကားများကို ဗုံးခွဲတိုက်ခိုက်

Must read

“ခွေးစာရှယ်ကျွေး တော်လှန် မန္တလေး” ဗီနိုင်းချိတ်ဆွဲကာ လာဖြုတ်သည့် စစ်ကားများကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၄

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၃ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားရှိ မနောရမံပန်းခြံရှေ့တွင် “ခွေးစာရှယ်ကျွေး တော်လှန် မန္တလေး” စာတန်းပါ ဗီနိုင်းကို လာရောက် ဖြုတ်သိမ်းသည့် စစ်ကားများအား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) နံနက်အစောပိုင်းက မနောရမံပန်းခြံရှေ့တွင် “ခွေးစာရှယ်ကျွေး တော်လှန် မန္တ လေး” စာတန်းပါ ဗီနိုင်းနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး စာရွက် စာတမ်းများ ဖြန့်ကြဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ၎င်းဆိုင်းဘုတ်နှင့် စာရွက်စာတမ်းများကို နံနက် ၇ နာရီ မိနစ် ၅၀ ခန့်တွင် အကြမ်းဖက်စစ်ကောင်လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ကား ၃ စီးဖြင့်ဘလာရောက်ဖြုတ်သိမ်းစဥ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်ကလည်း ၎င်းနေရာအနီးရှိ အကြမ်း ဖက်စစ်ကောင်စီဒေါက်တိုင် မိုင်တဲရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဖောက်ခွဲ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article