30 C
Yangon

ဆိပ်ဖြူနှင့်မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၃ ဦး သေဆုံးဟုဆို

Must read

ဆိပ်ဖြူနှင့်မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၁၃ ဦး သေဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောလမ်းပေါ်တွင် ကပစ ၂၁ စစ် ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ ၃ ပွင့်ဗိုလ်ကြီးတစ်ဦးအပါအဝင် ၇ ဦးသေ ဆုံးခဲ့ ကြောင်း ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့လည် ၁၁ နာရီခန့်က ကပစ ၂၁ မှ ၃ ပွင့်ဗိုလ်ကြီး တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးတို့ အပါအဝင် စစ်သား ၇ ဦး သည် စစ်ကား တစ်စီးဖြင့် ဖလံမကျေးရွာသို့ ဝင်ရောက်လာစဉ် မိုင်း အကြီး ၃ လုံး၊ ပဒေသာ မိုင်းအသေး ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၇ ဦးစလုံး သေဆုံး သွားကြော်း သိရ သည်။

“ကျနော်တို့အဖွဲ့တွေ မရှိတော့ဘူးထင်ပြီး လာတာနေမှာ၊ ၂ ရက်နေ့က ခေါင်း ဆောင် နဲ့ရဲဘော်တွေအ တွက်သွေးကြွေးဆပ်ခွင့်ရတာပေါ့၊ ခွေးသေကောင် တွေကို ရဟတ်ယာဉ်နဲ့ ဝဲပြီး ကား ၂ စီးနဲ့လာသယ် သွားတယ်၊ ဖရဲသီးသတင်း ပေးချက်အရ တပ်စခန်း ပြန်ရောက်တဲ့အချိန်မှာ အကုန်သေတာလို့ သိရတာ” ဟု ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာ နထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြူးကြီး (ချောက်-ပကဖ)တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့ ကျဆုံးခဲ့သော ဆိပ်ဖြူဘာမထီ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်း ဆောင်နှင့်ရဲဘော်များအတွက် သွေးကြွေးဆပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T.G.R အဖွဲ့မှ ဗိုလ်တိုက်ဂါးက ရန်ကုန် ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကျောက်ရစ် ရဲစခန်းမှ ထွက်ခွာ လာသော စစ်သားများကို နဘက်ရွာမှ ကျောက်ရစ်သို့ ပြန်လာစဥ် ကင်းရွာနှင့် ကိုးပင်ရွာ အကြားတွင် ပထမ အကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီ စစ်သား ၁ ဦး ပွဲ ချင်းပြီး သေဆုံးခဲ့ကြောင်း၊ ယင်း စစ်ကြောင်းကို ကိုးပင်ရွာထိပ် အဝင်တွင် ဒုတိယ အကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေ အနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မြောင်မြို့သို့ ပြန်ရန် နဘက်ရွာမှ ထွက်လာသော စစ်သားများကို မြောင်မြို့နှင့် ကူတို့ကုန်းရွာ အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ ဦးပွဲချင်းပြီး သေဆုံးကာ မြောင်မြို့ပေါ်သို့ ရောက်ရှိစဥ် ထိခိုက်ဒဏ်ရာရရှိသူများထဲမှ စစ်သား ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်တိုက်ဂါးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ရေးစွမ်းရည်ပြသနေသော တောင်းပိုင်းတိုင်းဒေသမှ PDF များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article