29 C
Yangon

ဒီပဲယင်း၊ တန့်ဆည်နှင့်ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး၊ ပြည်သူများထွက်ပြေး တိမ်း ရှောင်နေရ

Must read

ဒီပဲယင်း၊ တန့်ဆည်နှင့်ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီး၊ ပြည်သူများထွက်ပြေး တိမ်း ရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်း မဲ့ မီးရှို့ဖျက် ဆီး နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၅ ရက်နေ့ညနေပိုင်းမှစတင်၍ ဆားလင်းကြီးမြို့ပေါ်မှ စစ်ကောင်စီ တပ်က ခြေလျင်စစ်ကြောင်းထိုးလာပြီး ဘင်္ကါး၊ ဖောင်းကတာကျေးရွာ / တ / လ / မ ကျေးရွာ၊ ကျောက်ဖြူတိုင်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ဇန်န ဝါရီ လ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မိုးကြိုးပြင်ကျေးရွာကို မီးရှို့ ဖျက် ဆီးလျက်ရှိကြောင်း သိရှိရသည်။

” မနေ့ မနက်ပိုင်းမှာ စစ်ခွေးတွေက မိုးကြိုးပြင်ကျေးရွာကို ရောက်လာပြီး ညအိပ်နားတယ်။ အခု ဒီမနက် ၇ နာရီ ၄၅ မိနစ်အချိန်မှာ မိုးကြိုးပြင်ရွာကို မီးစတင်ရှို့ပါတယ်။ မိုးကြိုးပြင်မြောက်ရွာက မနှစ် ဇွန်လလယ်တုန်းက နေ အိမ် ၈၆ လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အခုတစ်ခါ ဒုတိယအကြိမ် မီးထပ် ရှို့ခံရတာပါ။ ပြည်သူတွေကတော့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က မီးတင်ရှို့နေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ကျေးရွာများကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီအချိန် ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာ ကျင်း ကျေးရွာနှင့်ဘုတ်ကျေးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့နေ ကြောင်း ၊ စစ်တပ်က ဘုတ်ရွာနှင့်ဆပ်ပြာကျင်းကို အဖွဲ့ ၂ ဖွဲ့ခွဲ၍ မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ ဒီပဲယင်း တစ်နယ်လုံးမှာ တစ်လလုံး မီးရှို့ခံနေရတယ်။ စစ်ခွေးတွေ က သူတို့လုပ်ချင်တိုင်းလုပ်နေကြတယ်” ဟု ဒီပဲယင်းဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ တန့်ဆည်မြို့နယ် ကျွန်းတောကုန်းရွာနှင့် ချောင်းဆုံ(တ)ရွာတို့ကို အကြမ်း ဖက် စ စ်တပ်က နှစ်ရက်တိတိ မီးရှို့ဖျက်ဆီးခဲ့ရာ နှစ်ရွာပေါင်း နေအိမ် ၂၅၅လုံး လောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား၁၅၀ခန့်ပါသော စစ်‌‌ကောင်စီတပ်သားနှင့် ပျူစောထီးများက ဇန်နဝါရီ လ ၅ရက်တွင် ကျွန်းတောကုန်းရွာမှ နေအိမ်၁၆၀လုံးနှင့် ဇန်နဝါရီလ၆ရက်တွင် ချောင်းဆုံ(တ)ရွာမှ နေအိမ်၉၅လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ဆင်ငယ်ရွာ ပျူစခန်းကို PDFတွေ သိမ်းလိုက်လို့ အဲ့စခန်းနားက ရွာတွေကို ခွေးတွေ က မီးပတ်ရှို့နေတာ၊ ကျနော်တို့ချောင်းဆုံရွာဆိုရင် ခဏခဏရှို့နေတာ ၅ကြိမ်ရှိပြီ၊ ရွာလည်းပြာပဲရှိတော့တယ်”ဟု ချောင်းဆုံရွာ ဒေသခံတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

တန့်ဆည်မြို့နယ်၊ချောင်းဆုံ(တ)ရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး များက ငါးကြိမ်တိုင်တိုင် မီးရှိူ့ဖျက်ဆီးခဲ့ရာ နေအိမ်၁၈၄လုံး လောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးသော စစ်ကြောင်းကို တန့်ဆည်PDFပူးပေါင်းအဖွဲ့များက ဇန်နဝါရီလ၅ရက်တွင် မိုင်း၈ပွိုင့်ဆွဲ၍ နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရရှိသူများပြားပြီး ကား၂စီးဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article