29 C
Yangon

ပုလဲနှင့် ဟားခါးတို့တွင် စစ်ကောင်စီတပ်မှ တပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်ရောက်၊ ငွေကျပ် သိန်း ၈၀ နှင့် ဆုများချီးမြှင့်

Must read

ပုလဲနှင့် ဟားခါးတို့တွင် စစ်ကောင်စီတပ်မှ တပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်ရောက်၊ ငွေကျပ် သိန်း ၈၀ နှင့် ဆုများချီးမြှင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တို့တွင် စစ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်၊ ငွေကျပ် သိန်း ၈၀ နှင့် ဆုများချီးမြှင့်ကြောင်း သက်ဆိုင်ရာ အဖွဲ့များက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပညရ ၁၁ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ကိုကျော်ငြိမ်းလင်းသည် လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်ရောက်လာကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

တပ်သား ကိုကျော်ငြိမ်းလင်းသည် CDM ဝင်ရာတွင် MA 11 တလက် ၊ ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၇၄ တောင့် ၊ ဗုံးသီး တစ်လုံးနှင့် ကျည်ကာ တစ်ထည် တို့ ပါရှိခဲ့ကြောင်း၊ ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ ) ၊ ပုလဲမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ( ပကဖ )တို့က ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၅၀ ၊ ပုလဲမြို့နယ် ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၃၀ ၊ စုစုပေါင်းငွေသား သိန်း ၈၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၆ ရက်နေ့၊ ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၆ မှ တပ်သား ၁ ဦးသည် CDF -Zophei ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါတပ်သားသည် MA1 သေနတ် ၁ လက်နှင့်အတူ ကျည်ဆံများ ပါဝင်ခဲ့ကြောင်း၊ CDF – Zophei ဆုလက်ဆောင်များ ချီးမြှင့်ပြီး လုံခြုံသည့် နေရာသို့ ပို့ဆောင်ခဲ့ကြောင်း CDF-Zophei ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article