29 C
Yangon

မင်းတပ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာနေ ပြည်သူ များ အပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်

Must read

မင်းတပ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာနေ ပြည်သူ များ အပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရည်ရွယ်ချက် ရှိရှိ တိုက်လေယာဉ် ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ဗုံးစ ထိမှန် ဒဏ်ရာရရှိပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့လည် ၁၁ နာရီဝန်း ကျင်တွင်လည်း မင်းတပ်မြို့ပေါ်ရှိ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဝမ္မသူးကျေးရွာကို ဟောင် ဝစ်ဇာ ‌(Howitzer) လက် နက်ကြီးများဖြင့် ၅ ချက် ဆက်တိုက် ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားကာ အကြောင်းမဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေပြည်သူအများအပြား ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၅ ရက်အတွင်း ဒေသခံ ပြည်သူ ၂၅၀၀ ကျော်ထွက်ပြေးတိမ်း ရှောင်နေရကြောင်း KNU ဗဟိုက သတင်း ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃ ရက်နေ့မှ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး၊ကော်သူး လေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ၊ ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က အရပ်သား ပြည်သူ လူထုနေထိုင်ရာ ကျေးရွာများတွင်းသို့ ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီး အလုံးပေါင်း ၃၁ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ထို သို့ ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးနှင့် ထင်းပုံတစ်ပုံ ပျက်စီးခဲ့ပြီး၊ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်သူလူထုနေထိုင်သော ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်သော စစ်တပ် တပ်ရင်းများမှာ ခလရ-၁၂၄၊ ခလရ- ၆၀၊ ခမရ-၃၅၁ နှင့် ခမရ-၄၃၉ တပ်တို့ဖြစ်ပြီး ၎င်းတို့၏ ပစ်ခတ်မှု ကြောင့် ပြည်သူလူထု စုစုပေါင်း ၂၅၆၆ ဦး ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။

စစ်တပ်၏ လက်နက် ကြီး ပစ်ခတ်မှုများအနေဖြင့် ခလယ်တူရယ် ကျေး ရွာကို သို့ လက်နက်ကြီး ၉ လုံး၊ ဃဲဒဲကျေးရွာကို ၄ လုံး၊ ပကော်ခီးကျေးရွာကို ၂ လုံး၊ ကျို့ကုန်းကျေးရွာကို၂ လုံး၊ သရေးစီလော် ကျေးရွာကို ၂ လုံး၊ မတောကူး ကျေး ရွာကို ၅ လုံး၊ သေဂေါ်ဒဲကျေးရွာကို ၄ လုံး နှင့် ရွှေပေါက်ကံကျေးရွာကို ၃ လုံး တို့ဖြစ်ပြီး ကျေးရွာ ၈ ရွာတွင် လက်နက်ကြီးအလုံးရေ ၃၁ လုံး ပစ်ခတ်ခဲ့ ကြောင်း KNU ဗဟိုထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်၏ က်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သရေးစီလော်ကျေးရွာရှိ နော်ခင်မြ ၏ နေအိမ်နှင့် ထင်းပုံမှာ မီးလောင်ပြာကျခဲ့ပြီး ခလယ်တူရယ် ကျေးရွာရှိ စောဘီ၏ နေအိမ်မှာ ပျက်စီးခဲ့ကြောင်း၊ သေဂေါ်ဒဲ ကျေးရွာနေ အသက် ၁၆ နှစ်အရွယ်‌ နော်စုမေဖောတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Photo – မင်းတပ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်၊ လက်နက် ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးမှုများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article