30 C
Yangon

မင်းအောင်လှိုင်၏ စီးပွားရေးမိတ်ဘက် လက်နက်နှင့်မူးယစ်မှောင်ခိုပွဲစား ထွန်းမင်းလတ်ကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ထိုင်းအစိုးရက စွဲချက်တင်

Must read

မင်းအောင်လှိုင်၏ စီးပွားရေးမိတ်ဘက် လက်နက်နှင့်မူးယစ်မှောင်ခိုပွဲစား ထွန်းမင်းလတ်ကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ထိုင်းအစိုးရက စွဲချက်တင်

ရန်ကုန်၊ ဇန်နဝါရီ ၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စီးပွားရေးမိတ်ဘက် လက်နက် နှင့် မူးယစ်မှောင်ခိုပွဲစား ထွန်းမင်းလတ်ကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မများ ဖြင့် ထိုင်းအစိုးရက စွဲချက်တင်လိုက်ကြောင်း ထိုင်းအခြေစိုက် Parachatai က သတင်းဖော်ပြသည်။

မူးယစ်ဆေးဝါးမှရရှိသော ငွေများဖြင့် ထိုင်းအစိုးရပိုင်ကုမ္ပဏီထံမှ လျှပ်စစ် ဓာတ်အား ဝယ်ယူပြီး မြန်မာပိုင်နယ်စပ်မြို့တွင် လျှပ်စစ်ဓာတ်အား ပြန်လည် ရောင်းချခြင်းဖြင့် ငွေကြေးခဝါချသည့် အမှုတွင် ပါဝင်သော ထွန်းမင်းလတ်နှင့် အမေရိကန်နိုင်ငံသားတစ်ဦးကို ထိုင်းအစိုးရရှေ့နေများက စွဲချက်တင်လိုက် ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်း-အမေရိကန် နိုင်ငံသား Dean Gultula နှင့် မြန်မာ သူဌေးကြီး ထွန်းမင်းလတ် တို့ကို စွဲချက်တင်တရားစွဲဆို ခြင်းဖြစ် ကြောင်း သိရှိရသည်။

ထွန်းမင်းလတ်နှင့် Dean Gultula တို့သည် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ် ခံနိုင် ရသော ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများဖြင့် ရင်ဆိုင်နေ ရသည့်အပြင် သေဒဏ်ချမှတ်ခံရနိုင်သော မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရေး အမှုဖြင့်လည်း တရားစွဲဆိုခံထားရကြောင်း သိရှိရသည်။

ထွန်းမင်းလတ်သည် မူးယစ်ဆေးဝါးရောင်းချမှုမှ ရရှိငွေဖြင့် ထိုင်းအစိုးရ ကုမ္ပဏီ ထံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူ လွှဲပြောင်းမှုဖြင့် တရားစွဲခံရပြီး Dean Gultula မှာမူ ထိုင်းအခြေစိုက် Allure Group (P&E) Co Ltd ထံသို့ မြန်မာအခြေစိုက် Myanmar Allure Group Company Limitedမှ ငွေကြေးလွှဲပြောင်းမှု များ အတွက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခြင်းခံထားရသော မူးယစ်ရာဇာ ထွန်းမင်း လတ် ပိုင်ဆိုင်သည့် ငွေကြေး၊ ဟိုတယ်၊ ကားအပါအဝင် ပိုင်ဆိုင်မှု စုစုပေါင်း ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ကြောင်း ထိုင်းအာဏာပိုင်များက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလအတွင်းတွင် ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တော် တွင် ယခင် အပတ်က ဖမ်းဆီးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးအမှု၊ ငွေမည်းခဝါ ချမှုများဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ထွန်းမင်းလတ်ပိုင် ဆိုင်သော အပန်းဖြေစခန်း၊ ဟိုတယ်၊ ကား၊ အဖိုးတန်ပစ္စည်းများ၊ အိမ် ၊ ငွေ ကြေး များအပါအဝင် ပိုင်ဆိုင်မှု တန်ဖိုး ထိုင်းဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းတရားရေးဝန်ကြီးဌာန၏ အဆိုအရ ထွန်းမင်းလတ်သည် အမှု နှစ်ခုရှိ နေပြီး အမှု တစ်ခုမှာ ၂၀၁၉ ခုနှစ်ကတည်းက ထိုင်းအာဏာပိုင်များက စုံစမ်း ထောက် လှမ်းနေခြင်းဖြစ်သည်ဟု သိရှိရသည်။ ထွန်းမင်းလတ်နှင့် ဆက်စပ် နေသော ထိုင်းနိုင်ငံသား ၂ ဦးကို လည်း ဖမ်းဆီးရန် ရှာဖွေလျက်ရှိပြီး ဖမ်း၀ရမ်း ထုတ်ခဲ့ကြောင်း သိရှိရသည်။

ထွန်းမင်းလတ်သည် မင်းအောင်လှိုင်နှင့် သတ္တုတွင်း၊ ဟိုတယ်လုပ်ငန်း၊ စွမ်းအင် လုပ် ငန်း များတွင် ပတ် သက်ဆက်နွယ် စီးပွားရေးလုပ်နေသူလည်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဘန်ကောက် လက်နက်ပြပွဲသို့ မင်းအောင်လှိုင်နှင့်အတူ တက် ရောက်ခဲ့သူလည်းဖြစ်သည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကျင်းပသော လက်နက် ပြပွဲကို မင်းအောင်လှိုင်နှင့်အတူ ထွန်းမင်းလတ် တက်ရောက်ခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article