36 C
Yangon

မတူပီ-ပလက်ဝ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး၊ ပျော်ဘွယ် လွတ်လပ်ရေး ကျောက်တိုင်ရှိ စစ်သားများကို ဗုံးခွဲ တိုက်ခိုက်

Must read

မတူပီ-ပလက်ဝ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး၊ ပျော်ဘွယ် လွတ်လပ်ရေး ကျောက်တိုင်ရှိ စစ်သားများကို ဗုံးခွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၄

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ခမရ ၃၀၄ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း CDF Matupi ထံမှသိရသည်။

ဇန်နဝါရီလ ၄ ရက် ညနေ ၃ နာရီ ၅ မိနစ်က မတူပီ-ပလက်ဝလမ်းပေါ်တွင် အခြေစိုက်ထားသော အကြမ်းဖက်စစ်ကောင်စီစစ်တပ်ကို CDF မတူပီမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ယနေ့ည ၈ နာရီအထိ လက်နက်ကြီးများဖြင့် အများအပြားရမ်းသမ်းပစ် ခတ်နေပြီး CDF –Matupi မှ ရဲဘော်များ ထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေး၊ ပျော်ဘွယ်မြို့ လွတ်လပ်ရေးကျောက်တိုင်တွင် လုံခြုံရေးချထားသော စစ်သားများကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း တိုက်ဒေါင်း – ပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၃ နာရီ ၃၆ မိနစ်တွင် ပျော်ဘွယ်မြို့ လွတ်လပ်ရေး ကျောက်တိုင်ဝန်းအတွင်း လွတ်လပ်ရေးနေ့ အခမ်းအနားပွဲ ကျင်းပရန် လုံခြုံရေးချထားပြီး ကြိုတင်ပြင်ဆင်နေသည့် စစ်သားများကို ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ဒီနေ့ နံနက် ၃ နာရီ ၃၆ မိနစ်က ပျော်ဘွယ်မြို့ လွတ်လပ်ရေး ကျောက်တိုင်ဝန်းအတွင်းမှာ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပဖို့ လုံခြုံရေးချထားတဲ့ စစ်သားတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့တယ် ၆ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတဲ့ အရေအတွက်တော့ အတိအကျ မသိရှိရသေးဘူး” ဟု တိုက်ဒေါင်း – ပြည်သူ့တော်လှန်ရေးအင်အားစု မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article