29 C
Yangon

မြင်းမူမြို့ လဝကရုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်

Must read

မြင်းမူမြို့ လဝကရုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ လဝကရုံးတွင် ယနေ့ ညပိုင်း ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်နေကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ဇန်နဝါရီ ၁၉ ရက်နေ့ ည ၈ နာရီကျော်အချိန် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ပေါက်ကွဲသံ ပထမ ထွက်ပေါ်ကြောင်း၊ ပြီးမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“မီးကတော့ လောင်နေတာ အကြီးအကျယ်ပဲ။ ပထမပေါက်ကွဲသံ တစ် ချက် ကြား ပြီးတော့ မီးကစလောင်တာပဲ။ ဘယ်သူလက်ချက်လဲမသိဘူး။ မီး သတ်ကတော့ မီးငြိမ်းနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်

မြင်းမူမြို့ လ၀ကရုံး မီးလောင်နေချိန် စစ်တပ်က မြို့ပေါ်တွင် ရမ်းသမ်း ပစ် ခတ် မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ဟားခါးမြို့နယ် လ၀ကရုံး မီးရှို့ခံရပြီး လောင်ကျွမ်းမှု မြင် ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article