33 C
Yangon

မြောင်၊ ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်သားများမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ သထုံအနီး စစ်တပ် ကုန်စည်ရထား မိုင်းဆွဲခံရ

Must read

မြောင်၊ ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်သားများမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ သထုံအနီး စစ်တပ် ကုန်စည်ရထား မိုင်းဆွဲခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်သား များ ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၄ MSPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၆ နာရီခန့်က အင်အား ၇၀ ခန့်ဖြင့် အနီးအနား ပတ်ဝန်းကျင်ရွာများသို့ စစ်ကြောင်းထိုးကာ ပစ္စည်းများခိုးယူဖျက်ဆီးရန် ကျောက် ရစ်ကျေးရွာအနောက်ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ် သား များ ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အသင့်စောင့်ဆိုင်းကာ အထူး ထုတ် ပြင်းအားမြင့် ကုန်းကြောင်းဖျက်မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မိုင်းဆွဲပြီးတော့ ခွေး ၃ ကောင်နေရာမှာ လဲကျသွားတယ်၊ ဘေးပတ်ဝန်းကျင် ကို ရမ်းသမ်း ပစ်ခတ်ပြီး တော့ လဲကျသွားတဲ့ ခွေးနာတွေကို ဆေးကုဖို့ ထမ်းစင် သယ်သွားပေမယ့် သေဆုံးသွားတယ်လို့ တိကျ သေချာတဲ့ သတင်းပေးဆီက သိရ ပါတယ်၊ ဒဏ်ရာရတဲ့သူတွေလဲ အများအပြားရှိခဲ့တယ်၊ ဒဏ်ရာရတဲ့ သူ တွေ ထဲ က ထပ်သေဆုံးတာတွေလဲ ရှိနိုင်တယ်” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို Myaung Special People’s Defense Force (MSPDF) စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄ ရဲဘော်များမှ တိုက်ခိုက် ခဲ့ခြင်း ဖြစ် ကြောင်း ၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကြောင်းမှ စခန်း သို့ ပြန်ဆုတ်သွားပြီး သေဆုံးလူနာများကို ထားကာ ကျောက်ရစ်ရွာ အရှေ့တောင် ဘက် သို့ ပြန်ထွက် သွားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၀ အချိန် မွန်ပြည်နယ်၊ သ ထုံ မြိုနယ်၊ ဂေါကျေးရွာ၊ ကွင်းကူးတိုးဂိတ်အနီးတွင် စစ်တပ်အတွက် ကုန် စည် များ တင်ဆောင်လာသော ရထားမိုင်းဆွဲခံရမှု ဖြစ်ပွားကြောင်း သိရှိရသည်။

စစ်တပ်အတွက် ကုန်စည်များ တင်ဆောင်လာသော ရထားသည် ပေါင်မြိုနယ်၊ သဲဖြူကုန်းကျေးရွာမှ ပဲခူးမြို့သို့ အသွား ဂေါ့ကျေးရွာ၊ မိုင်တိုင် ၁၄၁ အနီးတွင် မိုင်းအဆွဲခံခဲ့ရကြောင်း ၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရထားလမ်း ပျက်စီးပြီး လမ်း ပိတ်ထားကြောင်း သိရှိရသည်။

“အဲဒီဘက်မှာ ရထားပြေးတာက ကုန်စည်တင်ဖို့ပဲ။ ကျောက်ထုတ် စခန်း တွေ က နေ ကျောက်တွေတင်တာရှိတယ်။ နောက်ပြီး စစ်တပ်အတွက် ကုန်စည် တွေ သယ်ယူပို့ဆောင်တာရှိတယ်။ အများပြည်သူ သိပ်မသုံးဘူး။ အဲဒီရထား လမ်းက။ စစ်တပ်နဲ့ စစ်ကောင်စီလုပ်ငန်းတွေအတွက် ကုန်သယ်ဖို့ သုံးနေ တာ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article