33 C
Yangon

ယင်းမာပင်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ​ခေါင်းဖြတ် သတ်ဖြတ်ပြီး ကျေးရွာ ၇ ခုကို မီးရှို့ဖျက်ဆီး

Must read

ယင်းမာပင်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ​ခေါင်းဖြတ် သတ်ဖြတ်ပြီး ကျေးရွာ ၇ ခုကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒေသခံပြည်သူ ၁ ဦးကို ​ခေါင်းဖြတ်သတ်ဖြတ်ပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးသွားကြောင်း ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် စုန်ဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ အမြန်ရေယာဥ် သင်္ဘောများက ကျောက်မှော်ရွာတွင် ၄ ရက်ကြာ တပ်စွဲပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျေးရွာများကို ဝင်ရောက် စီးနင်း​ကြောင်း၊ စုန်းချောင်းရွာ မြောက်ဘက်ရှိ သံပုရာပင်ရိုး တောတိုက်တွင် နေထိုင်သော မောင်နေထွန်းကို စစ်သားများက ဦးခေါင်းနှင့်လက်တို့ကို ဖြတ်၍ သတ်ဖြတ် သွားပြီး စုန်းချောင်းရွာသား ၄ ဦးကို စစ်တပ် တပ်စွဲထားသော အောင်ဇေယျ တပ်ကုန်းကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်အတွင်းရှိ ကျောက်မှော်ရွာ၊ ပန်းတိမ်ပြင်ရွာ၊ အင်းပတ်ရွာ၊ ကြက်ရှာရွာ၊ ကျောက်ကုန်းရွာ၊ နော်ပင်ရွာနှင့် ကျွန်းပေါ်ရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” ဒေသခံ ပြည်သူ တချို့တော့ ရွာထဲပြန်ရောက်နေပါပြီ။ စုန်းချောင်းရွာ မြောက်ဘက် သံပုရာပင်ရိုး တောတိုက်မှာနေတဲ့ မောင်နေထွန်းကို စစ်ခွေးတွေက ဦးခေါင်းနဲ့ လက်တွေဖြတ်ပြီး သတ်သွားတယ်။ စုန်းချောင်းရွာက ပြည်သူ ၄ ဦးကိုလည်း အောင်ဇေယျ တပ်ကုန်းကို ဖမ်းသွားတယ်လို့ သိရတယ်။ စစ်ခွေးတွေက အခုထိ ကျောက်မှော်ရွာ အထွက်မှာတော့ ရှိသေးတယ်​လို့ သိရတယ်” ဟု ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article