33 C
Yangon

လားရှိုးတွင် TNLA နှင့် စစ်တပ် တိုက်ပွဲ ဖြစ်ပွား၊ မတ္တရာတွင် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

လားရှိုးတွင် TNLA နှင့် စစ်တပ် တိုက်ပွဲ ဖြစ်ပွား၊ မတ္တရာတွင် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ုကုန်၊ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်​၊ လားရှိုးမြို့နယ်၊ မန်ကောင်ရွာအနီး အကြမ်းဖက် စစ်တပ်မှ TNLA တပ်စခန်းကို လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ရာက တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ရင်း ၅၀၄ တပ်ဖွဲ့မှ တပ်သားများသည် တအာင်ပြည်နယ်၊ တပ်မဟာ (၆)စစ်ဒေသ၊ မန်ကောင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၅၉၅ တပ်စခန်းသို့ လက်နက်ကြီးများဖြင့် တစ်ဖက်သတ်ပစ်ခဲ့ရာက စတင်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၃ နာရီ မိနစ် ၅၀ မှ စတင်ကာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ညနေ ၅ နာရီ မိနစ် ၄၀ တွင် တိုက်ပွဲရပ်နားသွားပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေး၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင်

မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ မန္တလေးတူးမြောင်း တံတားနှင့် မြောင်းဘောင်ပေါ်ရှိ စစ်တပ် ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ) က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article