29 C
Yangon

လွိုင်ကော်လေဆိပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီး ရဲ ၁ ဦးထိမှန်ကာ စစ်တပ် အဆောင်တစ်ခု ထိမှန်

Must read

လွိုင်ကော်လေဆိပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီး ရဲ ၁ ဦးထိမှန်ကာ စစ်တပ် အဆောင်တစ်ခု ထိမှန်

ရန်ကုန်၊ ဇန်နဝါရီ ၄

ကရင်နီပြည်နယ်၊ လွိုင်ကော်လေဆိပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသဖြင့် လေဆိပ်ဝင်းစောင့် ရဲ တစ်ဦး ထိမှန်ဒဏ်ရာရရှိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် လွိုင်ကော်လေဆိပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ပြီး စစ်တပ်အဆောင်တစ်ခု ထိမှန်ကြောင်း၊ လေယာဉ်ကွင်းစောင့်ရဲ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

လက်ရှိတွင် လွိုင်ကော်လေဆိပ်သည် ခရီးသည်တင်လေယာဉ် အတက်အဆင်း မရှိသလောက် နည်းပါး ပြီး အဓိကအားဖြင့် စစ်ကောင်စီက ထောက်ပို့တပ် နေ ရာ အဖြစ် အဓိက အသုံးပြုနေကြောင်း၊ စစ် လေယာဉ်၊ ရဟတ်ယာဉ်များ အဓိက အတက်အဆင်းပြုလုပ်နေသည့် ထောက်ပို့အင်အားဖြည့် တပ်စွဲနေရာ ဖြစ်ကြောင်း သိရှိရသည်။

လေဆိပ်ကို ပစ်ခတ်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိ ရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article