29 C
Yangon

ဝက်လက်ရှိ ကျေးရွာ ၃ ခုကို စစ်တပ် မီးရှို့မှု နေအိမ် ၆၀ ကျော်ပြာကျ၊ ဒီပဲယင်းရှိ အုံးတပင်ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

Must read

ဝက်လက်ရှိ ကျေးရွာ ၃ ခုကို စစ်တပ် မီးရှို့မှု နေအိမ် ၆၀ ကျော်ပြာကျ၊ ဒီပဲယင်းရှိ အုံးတပင်ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ခုကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်အတွင်းရှိ မကျီးတုံကျေးရွာ၊ ပင်းဇင်းကျေးရွာနှင့် မူးကြီးကျေးရွာတို့ကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၆၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

“၂၃ ရက်နေ့မှာ စစ်ခွေးတွေ မီးရှို့လို့ မကျီးတုံကျေးရွာက နေအိမ် ၆၀ ပြာကျတယ်။ ၂၄ ရက်နေ့မှာ ပင်းဇင်းရွာကို မီးထပ်ရှို့တယ်။ ပျက်စီးသွားတဲ့ နေအိမ် အရေအတွက်တော့ မသိရသေးဘူး။ ၂၅ ရက်နေ့မှာ မူးကြီးကျေးရွာရှိကို မီးထပ်ရှို့တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ်သည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အုံးတပင်ရွာကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

လက်ရှိချိန်တွင် အင်္ဂါမြင့်ကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ တက်ကောင်းကျေးရွာ၊ တနယ်ကြီးကုန်းကျေးရွာနှင့် ဆပ်သွားကျေးရွာများမှ ဒေသခံပြည်သူများကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

“နံနက် ၈ နာရီလောက်က အုံးတပင်ရွာ အရှေ့ဘက် ချောင်းကမ်းဘေးမှာ ၁ နာရီလောက် တိုက်ပွဲ ဖြစ်ခဲ့တယ်။ အထိခိုက် ကျဆုံးကတော့ မသိရသေးပါဘူး။ လက်နက် အင်အား မမျှလို့ နောက်ဆုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ အခုတော့ စစ်ခွေးတွေက ရွာကို မီးရှို့နေကြတယ်။ အုံးတပင်ရွာတွေကော ဘေးပတ်ဝန်းကျင်က ပြည်သူတွေပါ အကုန်လုံး ထွက်ပြေးနေရပါတယ်။ အုံးတပင်ရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ဝက်လက်မြို့နယ် မကျီးတုံကျေးရွာမှ ပြည်သူပိုင် နေအိမ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article