28 C
Yangon

မလေးရှားနိုင်ငံ ကာဂျန်းမြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် မြန်မာစစ်တပ်၏ တရားမဝင်ရွေးကောက်ပွဲ လက်မခံကြောင်း ဆန္ဒပြ

Must read

မလေးရှားနိုင်ငံ ကာဂျန်းမြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် မြန်မာစစ်တပ်၏ တရားမဝင်ရွေးကောက်ပွဲ လက်မခံကြောင်း ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၈

မလေးရှားနိုင်ငံ၊ ကာဂျန်းမြို့တွင် “အားကစားဖြင့်တော်လှန်မည်” ခေါင်းစဉ်ဖြင့် တော်လှန်ရေး အထောက်အကူပြု ရန်ပုံငွေ ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့​ပြီး မြန်မာစစ်တပ်၏ တရားမဝင်ရွေးကောက်ပွဲ လက်မခံကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

အဆိုပါ ဘောလုံးပွဲတွင် အသင်း ဆယ်‌ခြောက်သင်း ပါဝင် ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး အမျိုးသမီးဘောလုံးအသင်း လေးသင်း ပါဝင်ကြောင်း၊ ကာဂျန်း မြို့ Tenaga National University ကွင်းတွင် နံနက် ၈ နာရီ မှ ညနေ ၇ နာရီ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဘောလုံးပွဲတွင် ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြည်ရေးများပါ ပါဝင်မည်ဖြစ်ပြီး ရရှိသည့် အလှူငွေများကို မြေပြင် တပ်ရင်းတပ်ဖွဲ့များသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘောလုံးကွင်းအတွင်း ရောက်ရှိလာသော မလေးရှားရောက် မြန်မာများနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင့် ရေး ကျွေးကြော်သံများ ဟစ်ကြွေးခဲ့ကြပြီး ၂၀၂၃ ခုနှစ်တွင် စစ်တပ်မှ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအား လက်မခံကြောင်း ၊ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး “အားကစားဖြင့် တော်လှန်မည် “ ဘောလုံးပွဲအား မသဲသဲအေး မှ ဦးဆောင်ပြီး ကွာလမ်လမ်ပူ မြို့ အနီးတဝိုက်ရှိ တော်လှန်ရေး အသင်းအဖွဲ့များမှ ပူးပေါင်း ပါဝင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article