36 C
Yangon

ချောင်းဦး-မုံရွာလမ်းပိုင်းတွင် စစ်သားများတင်လာသော Experss ကားကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၅ ဦးသေဆုံး

Must read

ချောင်းဦး-မုံရွာလမ်းပိုင်းတွင် စစ်သားများတင်လာသော Experss ကားကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးအမြန်လမ်းကြီး၊ ချောင်းဦး-မုံရွာလမ်းပိုင်းတွင် ယမန်နေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၈ နာရီ ၄၇ မိနစ်က အကြမ်းဖက်စစ်သားများ တင်ဆောင်လာသော Express ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးကြောင်း South Monywa PDF မှ သတင်းနှင့်ပြန် ကြားရေး အဖွဲ့ဝင် Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မန္တလေးမှ မုံရွာသို့ ထွက်ခွာလာသော Express ကားတစ်စီး၊ ခွေးဘီးလူးကား တစ်စီးဖြင့် အကြမ်းဖက်စစ်သားများလိုက်ပါလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံးတွဲ နှစ်တွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်တယ်၊ ထိထိမိမိ တိုက်ခိုက် နိုင်လိုက်တယ်၊ ဒုတိယအကြိမ် မိုင်းထပ်ဆွဲ လိုက်တော့ ကားက ထိုးရပ်သွားတာ၊အဲအချိန်ကျမှ ကားနှစ်စီးလုံးက ခွေးတွေဆင်းလာပြီး ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်တယ်၊ အတော်လေးကြာကြာ ရပ်ထားပြီးမှ မုံရွာဘက်ကို ဆက်ထွက်သွားတာ၊ စစ်ခွေး ၅ ကောင်သေတယ်၊ အကျိုးအပဲ့တွေလည်း များတယ်လို့ တပ်တွင်းဖရဲသီး သတင်းရင်းမြစ်က တိတိ ကျကျသတင်းပေးတယ်။” ဟု South Monywa PDF မှ သတင်းနှင့်ပြန်ကြား ရေး အဖွဲ့ဝင် Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း၊ People’s Defence Force –South Monywa နှင့် Soliders Dogs Killers Hunters တပ်ဖွဲ့တို့ပူပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများမှ ရမ်းသမ်းပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article