32 C
Yangon

” NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူး ” ဟု ယာယီသမ္မတဒူဝါလရှီးလ ကတိပြုပြီး တိုင်းရင်းသားလက်နက်ကိုင်များထံမှ အကူအညီများရရှိထားဟုဆို

Must read

” NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူး ” ဟု ယာယီသမ္မတဒူဝါလရှီးလ ကတိပြုပြီး တိုင်းရင်းသားလက်နက်ကိုင်များထံမှ အကူအညီများရရှိထားဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၀

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသော ” NUG အစိုးရဟာ လေလှိုင်း ထဲ က အစိုးရမဖြစ်စေရဘူး ” ဟု ယာယီသမ္မတဒူဝါလရှီးလ ကတိပြုပြောဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်များထံမှ အကူအညီများရရှိထားကြောင်း ပြောဆို လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၈၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

NUG အစိုးရအနေဖြင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော် လည်း အကန့် အသတ်များရှိကြောင်း၊ လက်ရှိတွင် စစ်ရေးစိုးမိုးရေး ဧရိယာကျ ယ်ပြန့် လာကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ပီပြင်လာရေး ဆောင် ရွက် ရမည်ဖြစ်ကြောင်း ၊ NUG အစိုးရအနေဖြင့် လေလှိုင်းအစိုးရ မဟုတ်သည် ကို သက်သေပြနေပြီး ဆက်လက် သက်သေပြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ လက်ရှိ အခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးစိုးမိုးဧရိယာ တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက် အဖြစ် ရှုမြင်ဖို့လိုအပ်ပါတယ်။ စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား စနစ်တကျ အသက်ဝင်ဖို့ကိစ္စကို အထူးပြုလုပ်ဆောင်ဖို့လည်း ပြောချင်ပါ တယ်။ စစ်ရေးစိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လက် တွေ့ ကျကျ အသက် မသွင်း နိုင်ရင် အဲသည့်နေရာမှာ တကယ်ခုခံ တော်လှန် နိုင်တာ မဟုတ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက်မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ် မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒီအချက်ဟာ လက်တွေ့ဖြစ် နိုင်ချေ ရှိသလို၊ မြေပြင်မှာလည်း လက်တွေ့ လုပ်ဆောင်နေတဲ့ ကိစ္စတွေဖြစ် တာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်ပါတယ်။ ကျွန် တော် မျှော်လင့်သလိုပဲ ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော် နေမယ် လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရဟာ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အမှားတွေကို သင်ခန်းစာယူရပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာ တစ်ခုကတော့ NUG အစိုးရဟာ လေလှိုင်း ထဲက အစိုးရမဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့စည်းထားပြီး စစ်ရေးအကူအညီများလည်း အားရဖွယ်ရရှိနေကြောင်း သမ္မတက ဆက်လက် ပြောဆိုသည်။

“၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် တစ်ဆစ်ချိုး အပြောင်းအလဲတွေ ရှိ လာ မယ့် နှစ် လို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ဒီလို ကြီးမားတဲ့ အပြောင်း အလဲ ဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ် စစ်ရေး ပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည် ဆောက်နေကြတာ ကို လည်း မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေး အားဖြ င့် လက်တွဲထားတဲ့ တော်လှန်သောအစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေး အထောက်အပံ့နဲ့ စစ်ရေး အကူအညီတွေလည်း ရသင့်သလောက် ရထား ကြ တာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်ရပါတယ်‘ ဟု ယာယီသမ္မတက မိန့်ခွန်း ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article