36 C
Yangon

အုတ်ဖိုနှင့် လောင်းလုံးတွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

အုတ်ဖိုနှင့် လောင်းလုံးတွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ ဝင်းသရက်ကျေးရွာအုပ်စုမှ ပျူစောထီး ကျော်ကျော်ကို ဇန်နဝါရီ ၁၁ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်အချိန် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ပျူစောထီး ကျော်ကျော်သည် ပဲခူးရိုးမပေါ်ရှိ တော်လှန်ရေးတပ်ဖွဲဝင်များ ၏ လှုပ်ရှားသွားလာမှုများ၊ စခန်းတည်နေရာများကို အကြမ်းဖက်စစ်ကောင်စီထံသတင်းပေးနေပြီး လမ်းပြ အဖြစ်လုပ်ဆောင်ခဲ့ကြောင်း၊ မတရားနည်းလမ်းဖြင့် ဝင်ငွေရ‌လမ်းများဖန်တီးကာ စစ်ကောင်စီထံ ဆက်ကြေးသွင်းနေခြင်း၊ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပြည်သူအား ဖမ်းဆီးနှိပ်စက်ခြင်း များ ကို ကျူးလွန်လျက်ရှိကြောင်း သိရသည်။

“သူ့မိသားစုဝင်တစ်ဦးက စိန်ကန့်လန့်မှာရှိတဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ ထဲမှာနေတယ်၊ သူ့ရဲ့ နေအိမ်ထဲမှာပဲ ဝင်ရှင်းလင်းခဲ့လိုက်တာ” ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပျူစောထီး ကျော်ကျော်ကို ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ – ၅ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ရွာပြင်စုရှိ အကြမ်းဖက်စစ်ကောင်စီ သတင်းပေးပျူစောထီးအဖွဲ့ဝင် မာမာဇင်ကို ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

၎င်းသည် အကြမ်းဖက်စစ်ကောင်စီပူးပေါင်းကာ ကျေးရွာအတွင်း သတင်းထောက်လှမ်းကာ စစ်တပ်ကို သတင်းပေးခြင်း၊ ပျူစောထီးအဖွဲ့ဝင်ထားခြင်း၊ ကျေးရွာနေပြည်သူလူထုအပေါ်တွင်လည်း မောက်မာ ရိုင်းစိုင်း တို့ကြောင့် အကြိမ်ကြိမ်သတိပေးကာ စောင့်ကြည့်ခံနေရသူဖြစ်ပြီး အကြမ်းဖက်စစ်တပ် ခလရ ၁၀၄ တပ်ရင်းအတွင်းသို့ ဝင်/ထွက်သွားလာခြင်းများ ဆက်တိုက်လုပ်ဆောင်လာသဖြင့် ရှင်းလင်းခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်တပ်သတင်းပေးမလုပ်ဖို့၊ မပူးပေါင်းဖို့ အကြိမ်ကြိမ်သတိပေးပြီးပြီ၊ မရလို့ မဖြစ်မနေရှင်းလိုက်ရတာ၊ အပြစ်ရှိသူမှအပ တစ်ခြားဘယ်တစ်ယောက်မှ ထိခိုက်မှုမရှိအောင် အထူးအလေးထားလုပ်ဆောင်ခဲ့ တာ ပါ၊ နေအိမ်ထဲမှာပဲ ရှင်းလင်းခဲ့လိုက်ပါတယ်”ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလုပ်ဆောင်ချက်သည် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) မှ လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး အများပြည်သူနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း၊ ဆက်လက်ပြီး အကြမ်းဖက် စစ်ကောင်စီ လက်ကိုင်တုတ် ပျူစောထီးများ၊ သူလျှိုများနှင့် အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းပါများကို ဆက် လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း တရားဝင် သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article