26 C
Yangon

ကျီခါးမြို့ ကို ချင်းပြည်တော်လှန်ရေးအစိုးရတပ်များက သိမ်းပိုက်လိုက်ပြီး တွန်းဇံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကာ မကြာမီ သတင်းကောင်းကြားရမည်ဟုဆို

Must read

ကျီခါးမြို့ ကို ချင်းပြည်တော်လှန်ရေးအစိုးရတပ်များက သိမ်းပိုက်လိုက်ပြီး တွန်းဇံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကာ မကြာမီ သတင်းကောင်းကြားရမည်ဟုဆို

ရန်ကုန်၊ မေ ၁၉

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ကို ချင်းပြည်အစိုးရတပ်များ (Chinland Government Army)က သိမ်း ပိုက်လိုက်ကြောင်း CNF/CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၉ ရက်နေ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းပြည်အစိုးရတပ်များဖြစ်ကြသည့် CNA ၊ CDFs ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း၊ စစ်ကောင်စီတပ်သားများ ဖရိုဖရဲထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းရရှိကြောင်း၊ လက်ရှိတွင် ကျီခါးမြို့ကို ချင်းတော်လှန်ရေးအစိုးရတပ်များက ထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။

“ကျီခါးမြို့ကိုတော့ ကျနော်တို့ သိမ်းပိုက်ရရှိသွားပါပြီ။ Chinland Government Army တပ်တွေက ထိန်းချုပ်ထားပြီ” ဟု CNF/CNA တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ချင်းပြည်နယ်၊ တွန်းဇံမြို့ကိုလည်း Chinland Government Army တပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြောင်း၊ လက်ရှိတွင် ရဲစခန်းကို သိမ်းပိုက်ရရှိထားပြီး စစ်တပ်စခန်းကို လည်း မကြာမီ သိမ်းပိုက်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

“တွန်းဇံမြို့ထဲက အိမ်တွေကို စစ်သားတွေနဲ့ လက်အောက်ခံ ZRA တပ်သားတွေက ထွက်ပြေး ပုန်းအောင်းနေကြတယ်။ တွန်းဇံမြို့ကိုတော့ သိမ်းနိုင်ပြီလို့ ပြောလို့မရသေးဘူး။ ၉၀ ရာခိုင်နှုန်းလောက်တော့ ရနေပြီ။ သတင်းကောင်းတော့ ကြားရမှာပါ” ဟု CNF/CNA သတင်းရင်းမြစ်က ဆိုသည်။

ကျီခါးမြို့နှင့် တွန်းဇံမြို့ စစ်ဆင်ရေးတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် Chinland Government Army တပ်ပေါင်းစု ပါဝင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကျီခါးမြို့ကို ထိန်းချုပ်လိုက်သော ချင်းပြည်အစိုးရတပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article