36 C
Yangon

ဇီးကုန်းမြို့တွင် ရွေးကောက်ပွဲအတွက်ပြင်ဆင်နေသည့် ထွေအုပ်ရုံးကို ဗုံးပစ်တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

Must read

ဇီးကုန်းမြို့တွင် ရွေးကောက်ပွဲအတွက်ပြင်ဆင်နေသည့် ထွေအုပ်ရုံးကို ဗုံးပစ်တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ပဲခူးတိုင်း ဇီးကုန်းမြို့တွင် စစ်ကောင်စီ၏ ဟန်ပြ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသည့် ထွေအုပ်ရုံး အတွင်းသို့ လက်ပစ်ဗုံး၊ ရှေ့ထွက်မိုင်းများဖြင့် ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင် တိုက်ခိုက် ခဲ့ရာ သေဆုံးထိခိုက်မှု များရှိကြောင်း လင်းယုန်နီ ကန့်ဘလူမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဇီးကုန်းမြို့နယ် ထွေအုပ်ရုံး ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကြောင်း သိရှိရ သည်။

“ဒီမနက် ၁၁ နာရီခွဲက တိုက်ခိုက်တာပါ။ ၂ ကောင် နေရာတင်သေပြီး ၅ ကောင် ထိခိုက်တယ် လို့ကြားရပါတယ်။ လက်ပစ်ဗုံးနဲ့ အရင်ပစ်ခဲ့တာပါ။ ခွေးတွေ လိုက်လာမှ ရှေ့ထွက်ဆင်ထားတဲ့ ဆိုင်ကယ်မိုင်းနားအရောက်မှာ အဝေးထိန်း remote နဲ့ ဖောက်ခွဲခဲ့တာပါ”ဟု လင်းယန်နီ ကန့်ဘလူအဖွဲ့မှ တာဝန်ခံမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဝင်များဘက်မှ ပြန်လည် ပစ်ခတ်မှု များရှိသော်လည်း ပြည်သူများ၏ ကူညီမှုကြောင့် အထိခိုက်မရှိ ပြန်ဆုတ်နိုင် ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူ များကို လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လင်းယုန်နီ ကန့်ဘလူအဖွဲ့က ပြောဆိုသည်။

ဓာတ်ပုံ- ဆိုင်ကယ်မိုင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article