33 C
Yangon

စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်ခံသော ကြို့ပင်ကောက်မြို့နယ် ထွေအုပ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်

Must read

စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်ခံသော ကြို့ပင်ကောက်မြို့နယ် ထွေအုပ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် ထွေအုပ်ရုံးကို အကြမ်းဖက် စစ်တပ်၏ ရွေး​ကောင်ပွဲအတွက် လူဦးရေ စာရင်းကောက်ခံခြင်းကြောင့် PDF တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ ည ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ပြုစုပေး‌နေသည့် ကြို့ပင်ကောက် မြို့နယ် ထွေအုပ်ရုံးကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထွေအုပ်ရုံးသည် ကြို့ပင်ကောက်မြို့၊ အနောက်တောင် ရပ်ကွက်၊ မင်းရဲကျော်စွာ လမ်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး ဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များက အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ အဆောက်အဦးလည်း ထိခိုက်မှု ရှိကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article