34 C
Yangon

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်း တောဟိန်းတောင် ဗျူဟာကုန်း ကို AA က သိမ်းပိုက်လိုက်ပြီး ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေးနေ

Must read

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်း တောဟိန်းတောင် ဗျူဟာကုန်း ကို AA က သိမ်းပိုက်လိုက်ပြီး ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေးနေ

ရန်ကုန်| ဧပြီ ၂၇

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ အနီးရှိ စစ်ကောင်စီ တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ် အရ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ စ၍ အဆိုပါ ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး ယနေ့ ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက် ရရှိခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“တိုက်ပွဲက ပြင်းထန်နေတာကြာပါပြီ။ အဲ့ဒီနေရာမှာ တစ်လ ကျော်လောက် ရှိနေပါပြီ။ နှစ်ဖက်တိုက်ပွဲက အပြင်းအထန်ဖြစ်နေကြတယ်။ AA က ပထမတော့ ဒရုန်းတွေနဲ့ ပစ်တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ တစ်လျောက်ပစ်တယ်။ နောက်ပိုင်းအနီးကပ် ပစ်ခတ်မှုလုပ်လာတယ်။ ဒီနေ့ နံနက်ပိုင်း သိမ်းပိုက်လိုက်တယ်လို့ သိရတယ် “ဟုပြောသည်။

အဆိုပါ တောဟိန်းတောင်ဗျူဟာကုန်းသည် စစ်ကောင်စီ၏ အမ်းအခြေစိုက်တွင်ရှိသည့် အရေးပါသောဗျူဟာကုန်း တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သား ထောင်ချီ ရှိသော ဗျူဟာကုန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ထိုဗျူဟာကုန်းတွင် ရှိသည့် စစ်ကောင်စီတပ်သားများသည် AA ၏ ထိုးစစ်ကြောင်း ကစဉ့်ကလျားဖြင့် ထွက်ပြေးမှုများ ရှိနေပြီး သေဆုံးမှုလည်း များပြားကြောင်း သိရသည်။

ထို့ပြင် ထိုဗျူဟာကုန်းကို သိမ်းပိုက် ရရှိကြောင်း သတင်းရင်းမြစ်က ပြောဆိုသော်လည်း အာရက္ခတပ်တော် AA က သီးခြားထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးပေ။

အမ်းဒေသခံတစ်ဦးက “ကျနော်တို့ ကြားသလောက်တော့ ၇၅ ရာခိုင်းနှုန်းသိမ်းလိုက်ပြီးသိရတယ်။ လက်နက်ကြီးတွေကတော့ အမ်းဌာနချုပ်က ပစ်တယ်။ ပြီးတော့ ခမရ ၃၇၃ က လက်နက်ကြီးနဲ့ ပစ်တယ်။ ပြီးတော့ ခမရ ၃၇၂ ပစ်တယ်။ ပြီးတော့ ထောက်ပို့တပ်က ပစ်တယ်။ GE တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်တယ်”ဟုပြောသည်။

စစ်ကောင်စီက အခြေစိုက်ထားသည့် အမ်းမြို့နယ် တပ်စခန်းများမှာ အမ်း အနောက်ပိုင်းတိုင် စစ်ဌာနချုပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ (GE)တပ်၊ ခမရ ၃၇၃၊ ခမရ ၃၇၂နှင့် ထောက်ပို့တပ်များရှိပြီး ယင်းနေရာများမှ ယခင်က လက်နက်ကြီးများ ပစ်ခတ်မှုများ ရှိသည်။

နောက်ထပ် အမ်းဒေသခံတစ်ဦးက “ကဇုကိုင်းကျေးရွာအထက်မှာဆိုရင် တောဟိန်းတောင်ဗျူဟာကုန်း ရှိတယ်။ ဂြိက်ချောင်းကျေးရွာတွေရှိတယ်။ အဲ့ဒီဖက်က ကျေးရွာနားတွေမျာဆိုရင် လူတွေ သိပ်မရှိကြတော့ဘူး။ အမ်းမြို့နယ်ဖက်မှာဆိုရင် ဖုန်းလိုင်းတွေက စစ်ကောင်စီက အကုန် ဖြတ်တောက်ထားတယ်။ အမ်းအခြေအနေကလည်း ဒီထက် ဆိုးလာနိုင်တယ်လို့ ယူဆပါတယ်”ဟုပြောသည်။

အာရက္ခတပ်တော် AAက ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ တောင်ပြို၊ ရမ်းဗြဲနှင့် ပလက်ဝတို့ သိမ်းပိုက်ထားပြီး အခြားမြို့နယ်များကို သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင်းတိုက်ခိုက်နေသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article