35 C
Yangon

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ၊ ခမရ ၁၀၆ တပ်ရင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မိုင်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်

Must read

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ၊ ခမရ ၁၀၆ တပ်ရင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မိုင်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်

ရန်ကုန်၊ ဧပြီ ၂၇

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ၊ ခမရ ၁၀၆ တပ်ရင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မိုင်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ ၁၀၆ အမှတ် ၂ ဂိတ်ရှိ မူးယစ်သောက်စားနေသော စစ်သားမျာကို အနောက်ပိုင်းခရိုင်ပကဖအဖွဲ့ ၊ Yangon Army (YA) ၊ YGA တို့ပူးပေါင်း၍ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့်ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူထားသော စစ်သားများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“ဒီနေ့ ည ၇ နာရီဝန်းကျင်လောက်မှာ ၁၀၆ တပ်ဘက်က ပေါက်ကွဲသံ ၂ ချက်တော့ ကြားလိုက်ရပါတယ်။ ပေါက်ကွဲမှု ဖြစ်တာတော့ မှန်တယ်။ ထိခိုက်မှု ရှိ၊ မရှိတော့ မသိပါဘူး ။ ဒီဘက်မှာ အဲဒီလို ပေါက်ကွဲသံကြားရင် မထွက်တာက ပိုပြီး စိတ်ချရတော့ သိပ်မထွက်ဖြစ်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များဖြစ်သည့် အနောက်ပိုင်းခရိုင်ပကဖအဖွဲ့ ၊ Yangon Army (YA) ၊ YGA တို့က စစ်ကောင်စီ၏ တပ်ရင်းများနှင့် စစ်တပ်ကို စစ်ရေး ပစ်မှတ်အဖြစ် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို နေပြည် တော်တွင် ညပိုင်း တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Reuters ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article