37 C
Yangon

ပေါက်နှင့် မြိုင်တွင် စစ်သားများကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံး၊ သေနတ်တစ်လက်သိမ်းဆည်းရရှိ

Must read

ပေါက်နှင့် မြိုင်တွင် စစ်သားများကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံး၊ သေနတ်တစ်လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မကွေးတိုင်း ၊ပေါက်မြို့နယ်၊ အုန်းတောရွာအနီးတွင် မတ်တူး ကားဖြင့် သွား လာနေသော စစ်ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးကို ဝိုင်းဝန်းပစ် ခတ်တိုက် ခိုက် ရာ ဗိုလ်ကြီးနှင့် တပ် ကြပ်တစ်ဦးတို့ သေဆုံးပြီး သေနတ်တစ်လက် သိမ်း ဆည်း ရရှိခဲ့ကြောင်း မြိုင်ကပဖမှ ဗိုလ်လင်္ကျာ က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြော ကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ပေါက်မြို့ အရှေ့ ဘက် ၄ မိုင်ခန့်အကွာရှိ ယာ ကြီးပင် ပျူစောထီးရွာမှ ပေါက်မြို့သို့ ထွက်ခွာ လာသော Mark -2 ကားကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များက စစ်ဆေးရေး ပြုလုပ်နေစဉ် ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သားများက စတင်ပစ်ခတ်ခဲ့သဖြင့် ပြန် လည် တုန့်ပြန်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီးနှင့် တပ်ကြပ် ၁ ဦး နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးပြီး အခြားစစ် ဗိုလ် ၁ ဦးနှင့် စစ်သား ၁ ဦးမှာ ယာဉ်ပေါ်မှ ဆင်းပြေးသွား ကြောင်း သိရသည်။

“စစ်ခွေး ဗိုလ်ထိန်လင်းစိုးနဲ့ ကျန်စစ်ခွေးတစ်ကောင်က သေနတ်တွေယူပြီး ထွက်ပြေးသွားလို့ လိုက်ပစ် ပေမယ့် ဒဏ်ရာရပြီး လွတ်သွားတယ်၊ သေနတ် တစ်လက်နဲ့ ခဲယမ်းတွေအပြင် ကားကို သိမ်းဆည်း ရရှိခဲ့တယ်၊ ဒါပေမယ့် ကား က သယ်လို့လည်းမလွယ်၊ မီးရှို့မရတာနဲ့ ပစ်ထားခဲ့ရတယ်”ဟု ဗိုလ်လင်္ကျာ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ပေါင်၊ ဖနှောင့် တွင် သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ သိမ်းဆည်းရရှိသော သေ နတ်မှာ MA-3 သေနတ် တစ်လက်၊ ကျည်ဘောက် တစ်ခု ၊ ၎င်းကျည် ၆၈ တောင့် ၊ Icon တစ်လုံး ၊ ကျည်ကာ တစ်ထည်ကိုလည်း သိမ်းဆည်းရမိကြောင်း သိရှိသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင် ပကဖ ရင်း ၁ ၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ ၊ ပေါက် ကျေး ရွာ ကာကွယ်ရေး အဖွဲများ နှင့် YDF တပ်ရင်း တို ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ တဲကြီး ကျေး ရွာ တွင် ညအိပ်ရပ် နားခဲ့သော အကြမ်းဖက်စစ်တပ် ရိက္ခာတင် စစ် ကြောင်း သည် ဖောကား ၄ စီးဖြင့် နသတ်ကျေးရွာဘက်သို့ ထွက်လာစဉ် မိုင်းဆွဲ တိုက်ခိုက်သဖြင့် စစ်သား ၂ ဦးသေဆုံးပြီး စစ်သား ၇ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ယနေ့ နံနက် ၇ နာရီမိနစ် ၄၀ ခန့်အချိန် စစ်ကြောင်းကို မိုင်းပွိုင့် ၃ ပွိင့် မိုင်း အလုံးရေ ၁၁ လုံးဖြင့် စတင်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ယင်းဒဏ်ရာရ စစ်သား ၂ ဦးကို ကားပေါ်တင်၍ နေ့လယ် ၁၁ နာရီ မိနစ် ၂၀ အချိန်တွင် ခြေလျင်တပ်မှ ဦးဆောင်ကာ မိုင်းရှင်းခြင်း၊ ကင်းထောက် ပြီး တဖြည်းဖြည်းချင်းထွက်လာစဉ် နသတ် ကျေးရွာ အရှေ့ဘက်အရောက် ပဒေသာမိုင်း ၃၇ လုံးပွိင့် မိုင်းပွိုင့်၂ ပွိင့်ဖြင့် ဆက် လက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တရစ်ပစ်ခတ်ပြီးတော့ အစားအသောက်မစားရတဲ့ တိရစ္ဆာန်တွေလို ယိုင်နဲ့ယိုင်နဲ့ တစ်လှမ်းချင်းတ က်လာ တာ၊ နေ့လည် ၂ နာရီ မိနစ် ၄၀ လောက်မှာ နသတ်နဲ့ ကံသစ်ကုန်း ရွာအ ကြားမှာ မိုင်း ၁၇ လုံးနဲ့ ထပ်တိုက်ခိုက်ခဲ့တယ်၊ အဲဒီလိုတိုက်ခိုက်ခံ ရပြီး တော့ ကံသစ်ကျေးရွာ မြောက်ဘက်က ကြက်ခြံတစ်ခြံကို မီးရှို့ထား ခဲ့တယ်” ဟု ဗိုလ်လင်္ကျာက ပြောဆိုသည်။

ထို့နောက် ယနေ့ ညနေ ၅ နာရီ ၃၅ မိနစ်တွင် ကံသစ်ကျေးရွာသို့ စစ်ကြောင်း တစ်ခုလုံး ဝင်ရောက်လာစဉ် မိုင်းပွိုင့် ၉ လုံး ဖြင့် ထပ်မံ တိုက် ခိုက်ရာတွင် စစ်သား ၂ ဦး နေရာပင် ပွဲချင်းပြီး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

စစ်ကြောင်းမှာ ကံသစ်ကျေးရွာအတွင်း ပြည်သူများ၏ နေအိမ်များသို ဝင် ရောက်၍ ညအိပ်ရပ်နားသွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုများကို မြိုင် ပကဖ ရင်း -၁ နှင့် ပေါက် ကျေး ရွာ ကာကွယ်ရေးအဖွဲများ ပှုးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article