35 C
Yangon

ဆောမြို့နယ်၊ ကျောက်ထု လေယာဉ်ကွင်းနှင့် အမြောက်တပ်ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေယာဉ်ပြေးလမ်းနှင့် အဆောက်အအုံများ ထိခိုက် ပျက်စီး

Must read

ဆောမြို့နယ်၊ ကျောက်ထု လေယာဉ်ကွင်းနှင့် အမြောက်တပ်ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု လေယာဉ်ပြေးလမ်းနှင့် အဆောက်အအုံများ ထိခိုက် ပျက်စီး

ရန်ကုန်၊ မေ ၆

မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ကျောက်ထု လေယာဉ်ကွင်းနှင့် အမြောက်တပ်ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ လေယာဉ်ပြေးလမ်းနှင့် အဆောက်အအုံများ ထိခိုက် ပျက်စီးမှုရှိကြောင်း တော်လှန်ရေးအဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဆောမြို့နယ်ရှိ ကျောက်ထု လေယာဉ်ကွင်းနှင့် အမြောက်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ဒုံးကျည် အလုံး ၅၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေရာ ၄ ခု ကို ထိမှန်ခဲ့ပြီး လေယာဉ်ပြေးလမ်းနှင့် အဆောက်အအုံမျာ ထိခိုက် ပျက်စီးမှုရှိကြောင်း သိရသည်။

“ဒုံးကျည် အလုံး ၅၀ နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ပစ်မှတ် ၂ ခု ထဲက နေရာ ၄ ခု ကို တိုက်ခိုက်ခဲ့တာ လေယာဉ်ပြေးလမ်း ထိခိုက်ခဲ့ပြီး အဆောက်အအုံများပါ ပျက်စီးခဲ့ပါတယ်။ တိုက်ခိုက်မှု အပြီးမှာ ကျောက်ထု အမြောက်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့သလို ဂျက်တိုက်လေယာဉ် ၁ စီး ပျံတက်လာခဲ့ပေမယ့်လည်း ပကဖ တပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ တာဝန်ခံ ညွှန်ကြားမှုအရ မကွေးတိုင်း ပကဖ ဒရုန်းတပ်ဖွဲ့ နှင့် ဆောမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article