35 C
Yangon

AA သိမ်းပိုက်ထားသော ကျောက်တော်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးထက်မနည်း သေဆုံး

Must read

AA သိမ်းပိုက်ထားသော ကျောက်တော်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးထက်မနည်း သေဆုံး

ရန်ကုန်| မေ ၆

AA က သိမ်းပိုက်ထားသော ရခိုင်ပြည် ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာကို ယနေ့ မေလ ၆ ရက်နေ့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့၍ အပြစ်မဲ့အရပ်သား ၃ ဦးထက်မနည်း သေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။

ယနေ့ နံနက် ၈ နာရီခန့်က လာရောက်ဗုံးကျဲခြင်းဖြစ်ပြီး သေဆုံးသူထဲတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးပါဝင်ကြောင်း အလယ်ကျွန်းကျေးရွာသားတစ်ဦးက ပြောသည်။

” ၈ နာရီဝန်းကျင်လောက်မှာ လေယာဥ်နဲ့လာပစ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းအနောက်ဘက်နဲ့အရှေ့ဘက်မှာကျတယ်။ နှစ်ကြိမ်ပစ်ခတ်ခဲ့တာပေါ့နော်။ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိကြတယ်။ ” ဟု ပြောသည်။

သေဆုံးသူ အမျိုးသားနှစ်ဦးထဲမှာ အသက် ၈၀ အရွယ် ဦးနီထွန်းဦးနှင့် အသက် ၅၀ အရွယ် ဦးမောင်ဟန်နှင့် ဒေါ်မဒွေးတို့ ဖြစ်ကြောင်း၊ အလယ်ကျွန်းကျေးရွာမှာ အိမ်ထောင်စု ၅၀၀ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ကျောက်တော်မြို့နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာများထဲမှ တစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ရခိုင်ပြည်အတွင်း AA ထိန်းချုပ်ရာမြို့နယ်များအားလုံးကို ဗုံးကြဲတိုက်ခိုက်နေပြီး ကျောက်တော်၊ မင်းပြားကို မေလ ၁ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မေလ ၄ ရက်နေ့ကလည်း စစ်ကောင်စီလက်ကြီး ဘူးသီးတောင်မြို့ပေါ်က မွတ်ဆလင်များ ခိုလှုံနေသည့် စာသင်ကျောင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ၄ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်များ ရရှိသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article