35 C
Yangon

ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (ဧရာဝတီ)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပ

Must read

ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း (ဧရာဝတီ)၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကျင်းပ

ရန်ကုန်၊ မေ ၆

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ တိုင်းစစ်ဌာန(ဧရာဝတီ)၏ ကွပ်ကဲမှုအောက်တွင်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း(ဧရာဝတီ)၏ တပ်ရင်းဌာနချုပ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကို မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အားအလေးပြုခြင်း၊ ကျဆုံးသွားသော နွေဦး တော်လှန်ရေးသူရဲကောင်းတို့အား အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၏ သဝဏ်လွှာ ဖတ်ကြားခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧရာဝတီစစ်ကြောင်းမှ စစ်ဦးစီးအရာရှိများ၊ ဟင်္သာတခရိုင်တပ်ရင်း(၁)နှင့် ပုသိမ်ခရိုင်တပ်ရင်း(၁) ၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ PRA (မကွေး)၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PIA/PIO)၊ အလျှိုချင်းကာကွယ်ရေးတပ်(ACDF)၊ အလျှိုချင်းကာကွယ်ရေးတပ်(CDF-ASHO)၊ လူ့ဘောင်သစ်တပ်တော် (NSA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်(PLF)၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ များမှ တာဝန်ရှိသူများတက်ရောက်၍ သဝဏ်လွှာဖတ်ကြားခြင်း အမှတ်တရစကားပြောကြားခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article