35 C
Yangon

Khit Thit သတင်းဌာန၏ မေ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု တပ်မ ဌာနချုပ် က ဒုတိယ တပ်မမှူး အပါအဝင် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင့်တပ်တော် AA ဆီမှာ လက်နက်ချလိုက်တယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီကနေ့မှာပဲ တရားဝင် သတင်းထုတ်ပြန် လိုက်ပါတယ်။
  • ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်အနီးမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၁ စီးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက ဒီကနေ့ မနက်ပိုင်းကပဲ ပစ်ချလိုက်ပြီး ၊ မီးလောင်ပျက် ကျသွားတယ်လို့ (KA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ရန်ကုန်‌ခေတ်သစ်ကို အတည်ပြုပြောထားပါတယ်။
  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကျွန်းလည်ပျူစောထီးကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုတွေကနေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ၁၄ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article