အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၂၉
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုတွင် သံဃာတော်များက “ကျွန်စနစ်အမြစ်တွယ်နေပြီး အာဏာရူးတွေသက်ဆိုးရှည်တဲ့နိုင်ငံမို့
တော်လှန်ရေးဟာကြာ နေတာပါ။ ခက်ခဲနေမှာသိတယ် အပြီးထိပါဝင်ပေးကြရန် တောင်းဆိုအပ်ပါသည်” စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။