29 C
Yangon

ထိုင်းနိုင်ငံ၊မဲဆောက်တွင် Revolution Echo Wave အဖွဲ့က တော်လှန်ရေး သီချင်း ၆ ပုဒ်ကို ထုတ်လုပ်ပြီး CDM နှင့် စစ်ဘေးသင့် ပြည်သူများကို ကူညီ မည်

Must read

ထိုင်းနိုင်ငံ၊မဲဆောက်တွင် Revolution Echo Wave အဖွဲ့က တော်လှန်ရေး သီချင်း ၆ ပုဒ်ကို ထုတ်လုပ်ပြီး CDM နှင့် စစ်ဘေးသင့် ပြည်သူများကို ကူညီ မည်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ထိုင်းနိုင်ငံ၊ မဲဆောက်တွင် တော်လှန်ရေးတေးသီချင်းများနှင့် Short film Revolution များကို Revolution Echo Wave အဖွဲ့က ထုတ်လုပ်သွား မည်ဖြစ်ပြီး CDM နှင့် စစ်ဘေးသင့် ပြည်သူများကို ကူညီမည်ဖြစ်ကြောင်း Revolution Echo wave အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

Revolution Echo wave အဖွဲ့က Rock၊ Pop Rock၊ Slow Rock၊ Country Rock နှင့် Hip hop သီချင်းများကို ဖန်တီးသွားမည် ဖြစ်ပြီး တေးသီချင်း ၆ ပုဒ်နှင့် သီချင်းတိုင်းအတွက် Music Video တစ်ခုစီ ထုတ်လုပ်သွားမည် ဖြစ် ကြောင်း သိရှိရသည်။

အဆိုပါ Revolution Echo Wave အဖွဲ့လုပ်ဆောင်မည့် Project ရည်ရွယ် ချက်များမှာ ပြည်သူများ သွေးမအေးဘဲ တော်လှန်ရေးကို စိတ်မပျက်စေရန် အားပေးရန်၊ စိတ်ဓာတ်မြှင့်တင်ပေးရန်နှင့် တိုင်းရင်းသားပြည်သူအချင်းချင်း စိတ်ဝမ်းမကွဲပြားစေရန်နှင့် သွေးစည်းညီဘွတ်စေရန်၊ လူတစ်ဦးချင်းစီ ရသင့် သည့် အခွင့်အရေးများ ရရှိရန်၊ ဖယ်ဒရယ် ဒီမိုကရေစီ ရရှိရန် ရည်ရွယ် ချက်များဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Revolution Echo Wave အဖွဲ့မှ အနုပညာဖန်တီးမှုများကို Social Media ပေါ်လွှင့်တင်ခြင်း၊ သတင်းမီဒီယာများ၊ Youtube Channel ၊ ကိုယ်ပိုင်ဝက်ဘ် ဆိုက်တစ်ခု ဖန်တီး၍ တင်ဆက်ရန် ကြိုးစားလျက်ရှိပြီး အကျိုးရလဒ်များ ရရှိလာ ပါက မဲဆောက်ရောက် CDM များ၊ တက်ကြွလှုပ်ရှားသူများ၊ အနုပညာ ရှင်များ၊ စစ်ဘေးရှောင်စခန်းများ၊ လိုအပ်သည့် တပ်စခန်းများကို ထောက်ပံ့ ကူညီနိုင်စေရန် ရည်ရွယ်ကြောင်း Revolution Echo Wave အဖွဲ့က ပြော ကြား သည်။

အဆိုပါ Project တွင် အသက် ၁၆ နှစ်မှ အသက် ၆၃ နှစ်အရွယ်အထိ ပူးပေါင်း ပါဝင်ကြပြီး ဝါရင့် အနုပညာရှင်၂ ဦး ဦးဆောင်ပါဝင်လျက်ရှိကြောင်း သိရှိရ သည်။

Revolution Echo Wave အဖွဲ့က ထုတ်လုပ်မည့် တော်လှန်ရေး တေးသီချင်း များကို နိုင်ကြီး ၊ မိုးခါး ၊ တိုးကြီး ၊ စနို ၊ DNS ၊ ဇော်ရဲ တို့မှ ရေးစပ်ပေးထားပြီး Vocalists များ အဖြစ် နိုင်ကြီး ၊ မိုးခါး ၊ တိုးကြီး ၊ စနို ၊ DNS ၊ ဇော်ရဲ တို့က သီဆို သွားမည်ဖြစ်ကြောင်း၊ Harmony များအဖြစ် DNS ၊ Sno ၊ Salt and light ၊ Music producer အဖြစ် A Tauk ၊Recording ကို A Tauk နှင့် DNS ၊ Mixing နှင့် Sound Design ကို Melophile ၊ Video Editing ကို CMP က တာဝန်ယူလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။

Revolution Echo Wave အဖွဲ့၏ Facebook Page https://www.facebook.com/profile.php?id=100088730515967… နှင့် Youtube https://www.youtube.com/channel/UCpfzH__46q4OBnxaUS1iKhQ တို့တွင် တော်လှန်ရေး သီချင်းများကို နားဆင်နိုင် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article