35 C
Yangon

ဒီပဲယင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြို့ပေါ် ရပ်ကွက်တစ်ခု၊ ကျေးရွာ ၁၁ ခုကို စစ်တပ်က မီးတင်ရှို့ ဖျက်ဆီး

Must read

ဒီပဲယင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြို့ပေါ် ရပ်ကွက်တစ်ခု၊ ကျေးရွာ ၁၁ ခုကို စစ်တပ်က မီးတင်ရှို့ ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်က တစ်ပတ် အတွင်း ဒီပဲယင်းမြို့‌ပေါ် ရပ်ကွက်တစ်ခုနှင့် ကျေးရွာ ၁၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ရေဦးမြို့မှ ဒီပဲယင်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကြောင်းက ဇန်နဝါရီ ၂၄ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ မူးခံတွင်းရွာ၊ လက်ယက်ကုန်းရွာ၊ ညောင်လှရွာ၊ သရက်တောရွာ၊ အောင်ချမ်းသာရွာ၊ မရကန်ရွာ၊ တိုင်နက်ရွာ၊ အုန်းတပင်ရွာ၊ မရိုးကုန်းရွာ၊ ပေါက်ရင်းရွာနှင့် ယဉ်ကျေးရွာတို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒီပဲယင်းမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ဒီပဲယင်းမြို့၊ ကွက်သစ်ရပ် ကွက် ကို ဇန်နဝါရီ၂၉ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်း မီးရှို့ရာ ဈေးဆိုင်များ၊ ကိုယ်ပိုင်ကျောင်း၊ ဘော်ဒါဆောင်များအပါအဝင် နေအိမ် ၂၂ လုံး လောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် အရှေ့ပိုင်းရှိ ညောင်လှရွာ၊ သရက်တောရွာ၊ မရကန်ရွာနှင့် ယဉ်ကျေးရွာတို့ကို စစ်တပ် က အကြိမ်ကြိမ် မီးရှို့ဖျက် ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးခဲ့ပြီး အခြေ အနေအသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် ရွှေဘိုခရိုင် တပ်ရင်း ၂၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီပဲယင်းမှာ စစ်ခွေးတွေက ရွာလုံးကျွတ်အောင် မီးလိုက်ရှို့နေတယ်။ ဒီတစ်ပတ်ရှို့တဲ့ရွာတွေရဲ့ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး။ အဲ့စစ်ကြောင်းကို မိုင်းဆွဲဖို့ပြင်ရင်း ကျနော်တို့ ရဲဘော်နှစ်ဦး ပြင်းထန်ဒဏ်ရာရတယ်၊ အသက်အန္တရာယ်စိုးရိမ်ရတယ်”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့ ကောက်ယူရရှိသော စာရင်းအရ စစ်အာဏာသိမ်းသည့် ကာလ အတွင်း ဒီပဲယင်းမြို့နယ်တွင် နေအိမ် ၄၈၂၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးရှို့သော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ပြင်ဆင်ရင်း ယခုအချိန်ထိ ရွှေဘိုခရိုင်တပ်ရင်း(၂၁)မှ ရဲဘော် ၉ ဦး မိုင်းမတော် တဆမှု ဖြင့် ကျဆုံးခဲ့ရကြောင်း သိရသည်။

စစ်လက်နက်များ ပြည့်စုံစွာ တပ်ဆင်ထားသည့် စစ်ကောင်စီတပ်ကို အညာဒေသရှိ PDFတပ်ဖွဲ့ ဝင်များက အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုအာမခံချက်မရှိ‌သော လက်လုပ်မိုင်း၊ လက်လုပ် သေနတ်များဖြင့် ရင်ဆိုင်တိုက်ခိုက်နေခဲ့ရသဖြင့် မတော်တဆကျဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article