32 C
Yangon

ပခုက္ကူ ကန်တော်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀၀၀ ကျော် ထွက် ပြေး တိမ်းရှောင်နေရ၊ တောင်ယာဆိပ်ရွာကိုလည်း စစ်တပ်က မီးရှို့ ဖျက်ဆီ

Must read

ပခုက္ကူ ကန်တော်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀၀၀ ကျော် ထွက် ပြေး တိမ်းရှောင်နေရ၊ တောင်ယာဆိပ်ရွာကိုလည်း စစ်တပ်က မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကန်တော်ရွာကို အကြမ်းဖက် စစ်တပ်က မီရှို့ဖျက် ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကန် တော် ရွာကို ဝင်ရောက်စီးနင်း မီးရှို့နေပြီး ကန်တော်ရွာ မြောက်ဘက် ၂ မိုင် အကွာ ရှိ ကန်ရပ်ကြီးရွာကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ပြည်သူ ၁၀၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေ​ရကြောင်း သိရသည်။

” ရွာမှာက အိမ်ခြေ ၂၀၀ ကျော်လောက်ရှိတယ်။ PDF တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှု ဖြစ် ပြီး ရွာထဲကို မီးရှို့တော့တာပဲ အနီးအနားက ရွာတွေက ပြည်သူတွေပါ ထွက်ပြေးနေရတယ်။ လူဦးရေ ၁၀၀၀ ကျော်လောက် တိမ်းရှောင်တေရတယ်။ စစ်ခွေးတွေက အခုထိ ရွာထဲမှာ ရှိနေသေးတယ်လို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ရွာကိုလည်း အကြမ်း ဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကောင်း ကျွန်းလှ တက်ကြွလှုပ်ရှား သူ များ အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ တောင် ယာဆိပ်ရွာကို အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် ခြေမြန် တပ် ရင်း ၃၆၈ နှင့် ပျူစောထီးများက ဝင်ရောက် စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ယင်းစစ်ကြောင်းသည် ကန့်ဘလူမြို့နယ် မန်ကျီးကုန်းရွာကို ထွက် ခွာသွား​​​ပြီး ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုများကို အတည်မပြုနိုင် သေး ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီး စစ်ကြောင်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ နှစ်လအတွင်း ကန့်ဘလူမြို့ နယ်နှင့် ကျွန်းလှမြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးကာ ကျေးရွာ ၈ ရွာမှ ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်၊ စစ်ရှောင်တဲ ၃၀ ခန့် နှင့် စပါးတင်း ထောင် နှင့်ချီတို့ကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ ၁၃ ဦးအား ဖမ်းဆီး မီးရှို့သတ် ဖြတ်ခဲ့ ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article