35 C
Yangon

အသံတိတ်သပိတ်ကို တန်ပြန်သည့် အနေဖြင့် မြို့နယ်တိုင်းတွင် စစ်တပ် ထောက်ခံ ပွဲများ ပြုလုပ်မည်ဟု ကြေညာ၊ အသံ တိတ် သပိတ် မဖြစ်စေ ရေး ဆက်တိုက် ခြိမ်းခြောက်နေ

Must read

အသံတိတ်သပိတ်ကို တန်ပြန်သည့် အနေဖြင့် မြို့နယ်တိုင်းတွင် စစ်တပ် ထောက်ခံ ပွဲများ ပြုလုပ်မည်ဟု ကြေညာ၊ အသံ တိတ် သပိတ် မဖြစ်စေ ရေး ဆက်တိုက် ခြိမ်းခြောက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး အသံ တိတ် သပိတ်တွင် တစ်နိုင် ငံ လုံးအတိုင်းအတာဖြင့် ပြည်သူများ ပါဝင်ရန် ပြင်ဆင် နေကြချိန် စစ်တပ်ထောက်ခံသူများက အသံ တိတ် သပိတ်ကို တန်ပြန်မည့် စစ်တပ်ထောက်ခံပွဲများကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ် မည် ဖြစ် ကြောင်း ကြေညာချက်များ ထုတ်ပြန်လာသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့်တော်လှန်ရေးအဖြစ် ဆိုင်ပိတ်စရာမလို၊ ရုံးပိတ် စရာမလိုဘဲ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ဘဲ တိတ်ဆိတ် ငြိမ်သက်ခြင်းဖြင့် အသံတိတ် သပိတ် ပါဝင်ရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း နှိုးဆော်နေကြချိန် စစ်တပ်ထောက်ခံသူများ ဘက်ကလည်း မြို့နယ် တိုင်းတွင် ပုံမှန်သွားလာကြရန်နှင့် လိုအပ်ပါက စစ်တပ်ထောက်ခံပွဲများ မြို့ နယ် တိုင်း စုပေါင်းပြုလုပ်သွားမည်ဟု ကြေညာခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြို့လယ်ခေါင် မဟာဗန္ဓုလ ကားပါကင် တွင် စစ်တပ် ထောက်ခံ ကြိုပွဲတစ်ခုကို မိုက်ကယ်ကျော်မြင့်နှင့် အစွန်းရောက် အမျိုးသားရေးသ မားများက ဦးဆောင် ပြုလုပ်မည်ဖြစ်‌ပြီး ယင်းပွဲကို တက်ရောက်ရန်လည်း စစ်တပ်ထောက်ခံသူများက စည်းရုံး လှုံ့ဆော် နေကြကြောင်း သိရှိရသည်။

စစ်တပ်ထောက်ခံသူ ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ဘညွန့် အစရှိသည့် တယ်လီဂရမ် များတွင် အသံတိတ် သပိတ် ပါဝင်လျှင် ဖမ်းဆီးအရေးယူခံရနိုင်၍ မပါဝင်ကြရန် လည်း ခြိမ်းခြောက်နေပြီး အသံတိတ် ပါဝင်သူများတွေ့ရှိလျှင် သတင်းပေးကြရန် ဆိုသော ပို့စ်များကို ဆက်တိုက်တင်နေကြသည်ကို မြင်တွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article