36 C
Yangon

Breaking News- ရန်ကုန်တိုင်း၊ လှိုင်သာယာရှိ ခမရ ၅၃၂ တပ်ရင်းကို ရှော့ တိုက်ဒုံး ၄ လုံးဖြင့် တိုက်ခိုက်မှု သေဆုံး ထိခိုက်မှုများရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်း၊ လှိုင်သာယာရှိ ခမရ ၅၃၂တပ်ရင်းကို မြို့ပြပျောက်ကျားအဖွဲ့က ရှော့တိုက်ဒုံး ၄ လုံးဖြင့် ယနေ့ညပိုင်း ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးထိခိုက် မှု များရှိပြီး မီးလောင်ကျွမ်းမှုများပါ ဖြစ်ပွားကြောင်း ဒေသပြည်သူများနှင့် မြို့ပြ ပျောက် ကျားတပ်ဖွဲ့တို့၏ ပြောဆိုချက်များအရ သိရှိရသည်။

ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့ ည ၈ နာရီ ၂၃ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်း ဘုရင့်နောင် တံတားအဆင်း ၊ တပ်ထိပ်ရှိ ခြေမြန်တပ်ရင်း ခမရ ၅၃၂ တပ် အတွင်းသို့ မြိုပြပျောက်ကျားအဖွဲ့က ရှော့တိုက်ဒုန်း များဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း ၊ ရှော့တိုက်ဒုန်းမှာ တပ်ဝင်းထဲ ပေါက်ကွဲခဲ့ ခြင်းဖြစ်ပြီး အရေးပေါ်ကား တစ်စီး တပ်ဝင်းထဲ ဝင်သွားကြောင်း၊ မီးလောင်မှုတချို့လည်း ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။

“ပေါက်ကွဲသံတွေ ကြားရတယ်။ အသံ ၃ ချက်ကြားရတယ်။ ပြီးတော့ လူနာတင် ကားအသံကြားရတယ်။ သေဆုံး မှု ရှိတယ်လို့ကြားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့ကမူ စစ်ကိုင်းတိုင်းမှ လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် သေဆုံးသွားသော ပြည်သူ များ နှင့်အတူ တစ်သားတည်း ရှိနေသည့် အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကိုင်းတိုင်းက ပြည်သူတွေနဲ့ ကျနော်တို့ တစ်သားတည်းရှိနေပါတယ်။ အဲဒီအတွက် ဂလဲ့စားပါ” ဟု မြို့ပြပျောက်ကျားရဲဘော်က ဆိုသည်။

လှိုင်သာယာရှိ စစ်တပ်ကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုအပြီး စစ်တပ် ထဲမှ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိပြီး ဘုရင့်နောင်တံတားအဆင်း တပ်ထိပ်နားတွင် စစ်တပ်က ယာဥ်များကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article