33 C
Yangon

KNU နယ်မြေတွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၃၀၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ ဘက်မှ စစ်သား ၂၁၇ ဦးသေဆုံး

Must read

KNU နယ်မြေတွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၃၀၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ ဘက်မှ စစ်သား ၂၁၇ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းအတွင်းရှိ KNU နယ်မြေများ တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၃၀၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင် စီ ဘက်မှ စစ်သား ၂၁၇ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ တရားဝင် သတင်းထုတ်ပြန် သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လတာအတွင်း KNLA ၊ KNDO တပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ် များ၊ ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့် တပ် (BGF) များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၂၁၇ ဦး သေဆုံးကာ ၁၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ KNLA ၊ KNDO တပ်သား၉ ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက် ပေး လှူခဲ့ရပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

ဒီဇင်ဘာလအတွင်းတွင် စစ်တပ်နှင့်BGF တပ်များက ပြည်သူများအပေါ် လူ့အခွင့် အရေး ချိုးဖောက်မှုများစွာကိုလည်း ကျူးလွန်ခဲ့ကြောင်း KNU က ပြောသည်။

KNU တပ်မဟာ ၁ အုပ်ချုပ်နယ်မြေတွင် စစ်တပ်က ပြည်သူလူထု များနေထိုင် သော ကျေးရွာများအတွင်းလက် နက်ကြီး အလုံး ၆၀ ကျော် ပစ်ခတ်ခဲ့ရာ နေ အိမ် ၁၄ လုံး၊ စပါးကျီ ၄ လုံး ထိခိုက် ပျက်စီးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မိန်းက လေး ၁ ဦးနှင့် အခြားအမျိုးသမီး ၁ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာနွား ၆ ကောင်နှင့် ကြက် ၃ ကောင် သေ ဆုံး ခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ ၂ အုပ်ချုပ်နယ်မြေအတွင်း၌ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၏ ပြည်သူလူထုနေထိုင်ရာကျေးရွာများ အတွင်းလက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ပျက်စီး ခဲ့ပြီး အပြစ်မဲ့အရပ်သား ပြည် သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ် ရှိခဲ့ပြီး ဗုံး ၃ လုံးကျဲချခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ ၃ အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ၏ လက်နက်ကြီးများ ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၇ နှစ် အရွယ် မိန်း ကလေး ၁ ဦး သေဆုံးကာ အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ ၁၅ နှစ်အရွယ် ယောကျ်ားလေး ၁ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ခိုက် ရေး လေယာဉ် ၅ စင်း၊ တိုက်ခိုက်ရေး Drone ၂ စင်း တို့ ဖြင့် နေရာ ၃ နေရာကို ဗုံး ၈ လုံးခန့် ကျဲချခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ နေအိမ် ၂ လုံး၊ ရွှေဆိုင် ၁ ဆိုင်နှင့် ဆိုင်ကယ် ပြင်ဆိုင် ၁ ဆိုင်တို့အားလည်း မီးရှို့ဖျက်ဆီး ခဲ့သည်ဟု သိရှိရသည်။

KNU တပ်မဟာ ၄ အုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင် စီ တပ်ဖွဲ့ မှ အပြစ်မဲ့ပြည်သူ ၅ ဦးအား အကြောင်းမဲ့ဖမ်းဆီး စစ်ဆေး ခဲ့ ပြီး ပြည်သူလူထု၏နေအိမ် ၂ လုံး ကို လည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ (၅) အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် ကြီး အလုံးရေ ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦး ထိမှန် သေဆုံးခဲ့ပြီး အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း၊ နွား ၅ ကောင် သေဆုံး ပြီး ၃ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူ ၁ ဦးကို လည်း အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်ခန့်တွင် ဗုံးအလုံးရေပေါင်း ၇၈ လုံးနှင့် အော် လီဂန် အချက်ရေ ၁၀၀၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူလူထုပိုင်ဆိုင်သော စပါးကျီ ၁၀ လုံး ၊ နေအိမ် ၉ လုံး မီးလောင်ပြာကျ ခဲ့ကာ နေအိမ် ၃၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပြည်သူ ၁ ဦး၊ နွား ၄ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျွဲ ၁ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်က ပြည်သူလူထု နေအိမ် ၄ လုံးနှင့် စပါးကျီ ၄ လုံး အား မီးရှို့ဖျက်ဆီး ခဲ့ပြီး ကျွဲတစ်ကောင်ကိုလည်း ပစ်ခတ်ခဲ့သည့်အပြင်ကတိုင်ထိအခြေစိုက် စစ်တပ်က သွာခိုလိုရွာနေ အသက် ၁၄ နှစ် အရွယ် ယောကျ်ားလေး ၁ ဦးအပါ အဝင် အပြစ်မဲ့ပြည်သူ ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း၊ အလားတူ ဘောကျိုထာအခြေစိုက် နယ်ခြားစောင့်တပ် (BGF-1013) မှလည်း နိုဃဲထာရွာ နေ အမျိုးသမီး ၁ ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦးအား ဖမ်းဆီးပြီး အမျိုးသမီး တစ်ဦးသာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

KNU တပ်မဟာ (၆) အုပ်ချုပ်နယ်မြေအတွင်း၌ စစ်တပ်၏လက်နက်ကြီး ၁၂၅ လုံးကျော် ပစ်ခတ်ခဲ့မှုကြောင့် ဦးဇင်း ၂ ပါး ပျံလွန်တော်မူ ခဲ့ရပြီး ဦးဇင်း ၄ ပါး၊ ကိုရင် ၁ ပါး နှင့် အသက် ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့ပြီး ၁၉ လုံးမှာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ နွား ၅ ကောင် ထိခိုက်သေဆုံးခဲ့ပြီး ၅ ကောင်မှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁ ကြိမ် ခန့်တွင် ဗုံးအလုံးရေ ၃၀ ထက် မနည်းကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article