30 C
Yangon

ခင်ဦးရှိ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု စာသင်ကျောင်းများ အပါအဝင် နေအိမ် ၆၅၀ ကျော်ပြာကျပြီး စစ်တပ်က ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်

Must read

ခင်ဦးရှိ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု စာသင်ကျောင်းများ အပါအဝင် နေအိမ် ၆၅၀ ကျော်ပြာကျပြီး စစ်တပ်က ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် စာသင်ကျောင်းများ အပါအဝင် နေအိမ် ၆၅၀ ကျော်ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်၊ ၃၁ ရက်နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်ကျေးရွာ၊ ရုံးစုကျေးရွာနှင့် ညောင်ပင်ကြီးစုကျေးရွာ တို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ စာသင်ကျောင်းများ အပါအဝင် ပြည်သူပိုင် နေအိမ် ၆၅၀ ကျော်ပြာကျကာ ညောင်ပင်ကြီးစုကျေးရွာမှ အသက်၉၀ကျော် အဖိုးအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နေအိမ် ၁၃၀ ဝန်းကျင်ရှိ ဗျိုင်းကြိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀၀ ခန့် ပြာကျခဲ့ကြောင်း၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နေအိမ်​ ၄၅၀ ဝန်းကျင်ရှိ ရုံးစုကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ မူလတန်းစာသင်ကျောင်း အပါဝင် နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း၊ ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နေအိမ်​ ၃၀၀ ဝန်းကျင်ရှိ ညောင်ပင်ကြီးစုကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၅၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။

” ရှို့တာကတော့ရွာလုံးကျွတ်ကို ရှို့တာ ဗျိုင်းကြိုင်ကျေးရွာနဲ့ ရုံးစုကျေးရွာကတော့ ရွာလုံးကျွတ် နီးပါးကုန်ပြီ ညောင်ပင်ကြီးစုကျေးရွာကတော့ အိမ်ခြေ တစ်ဝက်ကျော်လောက်မီးထဲပါသွားတယ်။ ညောင်ပင်ကြီးစုရွာက အသက် ၉၀ ကျော် အဖိုးအို တစ်ဦးကို စစ်ခွေးတွေ သတ်ဖြတ်သွားတယ်။ စာသင်ကျောင်းတွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်း၊ ရေဦးနှင့် ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်တွင် ရေဦးမြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article