29 C
Yangon

နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ပုဒ်မ ၅၀၅ (က) ဖြေလျှော့ပေးထားသူများကို စောင့်ကြည့်ရန်နှင့် လိုအပ်လျှင် ဖမ်းဆီး စစ်ဆေးရန် အပါအဝင် အချက် ၇ ချက် ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က ညွှန်ကြားချက် ထုတ်ပြန်

Must read

နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ပုဒ်မ ၅၀၅ (က) ဖြေလျှော့ပေးထားသူများကို စောင့်ကြည့်ရန်နှင့် လိုအပ်လျှင် ဖမ်းဆီး စစ်ဆေးရန် အပါအဝင် အချက် ၇ ချက် ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က ညွှန်ကြားချက် ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်လာသော နိုင်ငံရေးအကျဉ်း သားဟောင်းများ၊ ပုဒ်မ ၅၀၅ (က) အမှုများ ပိတ်သိမ်းထားပေးခဲ့သူများကို စောင့် ကြည့်ရန်နှင့် လိုအပ်လျှင် ဖမ်းဆီး စစ်ဆေးရန် အပါအဝင် အချက် ၇ ချက် ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က အချက် ၇ ချက်ပါ အမိန့် ညွှန်ကြားတစ်စောင်ကို ရဲတပ်ဖွဲ့အားလုံးသို့ ထုတ်ပြန်ပေးပို့ခဲ့ပြီး ယင်းအချက်များတွင် ပုဒ်မ ၅၀၅ (က) ဖြင့်ထောင်ချပြီး လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသူများ၊ ပုဒ်မ ၅၀၅ (က) ကို ဖြေ လျှော့ အမှု ပိတ်ပေးလိုက်သူများကို စောင့်ကြည့်ရန် ၊ လိုအပ်ပါက ဖမ်းဆီး စစ်ဆေးရန် ညွှန်ကြားချက် ပါဝင်လာခြင်းဖြစ်သည်။

ရဲချုပ်က ထုတ်ပြန်ထားသော ညွှန်ကြားချက် ၇ ချက်တွင်

၁- ရဲစခန်း ပတ်ဝန်းကျင် မီတာ ၁၀၀၀၀ စိုးမိုးရေးစီမံချက်အတွက် ဖေဖော် ဝါရီလ ၅ ရက်နေ့မှ စတင် ဆောင်ရွက်ရန်

၂- သက်ဆိုင်ရာ ပြည်နယ်/တိုင်း မြို့တော်ခန်းမများတွင် ပြုလုပ်မည့် ၇၆ နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနားအတွက် လုံခြုံရေးများကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင် တာဝန်ချထားရန်

၃- ကားဂိတ်များမှ ပါဆယ်ထုတ်များကို ကြပ်မတ်စစ်​ ဆေးရန်

၄- ရဲစခန်းများတွင် အလုပ်သင်ရဲများ တာဝန်ချထားပေးမည်ဖြစ်ပြီး လှည့်ကင်းပတ်ကားနှင့်တွဲဖက်၍ တာဝန်ပေးရန်၊ အမှုလက်ကျန်များကို အမြန်ဆုံး ဖြတ်ကြရန်

၅- ၁ ပတ် ၁ ကြိမ် အမှုလက်ကျန်များကို စစ်ဆေးတင်ပြရမည်ဖြစ်၍ ပြင်ဆင်ထားရှိရန်

၆- ရဲတပ်သားသစ်ရရှိရေး လျာထားချက်အတိုင်း ထပ်မံစုဆောင်းရန်

၇- ပုဒ်မ ၅၀၅(က) ဖြေလျှော့ထားပေးသူများ၊ လွတ်ငြိမ်းသက်သာခွင့် ကျင့် ၄၀၁ လွှတ်ပေးထားသူများ စောင့်ကြည့်ရန်နှင့် လိုအပ်ပါက ဖမ်းဆီး စစ်ဆေးရန် ပြည်ထဲရေး ဝန်ကြီးဌာန ရဲချုပ်က ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် ဇင်မင်းထက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article