34 C
Yangon

စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာကို စစ်တပ် စီးနင်း ပစ်ခတ်မှုတွင် အသက် ၆ နှစ် ကလေးငယ် ၁ ဦးသေဆုံး၊ တာတိုင်ရွာမှ နေအိမ် ၆၀ ကို စစ်တပ်က မီးရှို့ ဖျက်ဆီး

Must read

စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာကို စစ်တပ် စီးနင်း ပစ်ခတ်မှုတွင် အသက် ၆ နှစ် ကလေးငယ် ၁ ဦးသေဆုံး၊ တာတိုင်ရွာမှ နေအိမ် ၆၀ ကို စစ်တပ်က မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တံတားဦးရွာကို အကြမ်းဖက် စစ်တပ်က ဝင် ရောက် စီးနင်း ပစ်ခတ် ခဲ့ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး ခဲ့ကြောင်း တိုက်နယ်စွန် (စွန်) PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ် တံတားဦးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကို အကြမ်းဖက် စစ်တပ်က ဝင် ရောက် မွှေနှောက် ပစ်ခတ်ခဲ့ပြီး အဆိုပါ နေအိမ် အနီး အနားရှိ ကျူရှင်၌ ပညာသင်ယူနေသည့် ၆ နှစ်အရွယ် ကလေး ၁ ဦး ခါးကို ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းက ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်တွင် တာတိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀ ပြာကျ ပျက်စီးသွားကြောင်း ၊ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် အင်အား ၃၀ ကျော်​​ပါ စစ်ကြောင်းက တံတားဦးရွာ ရဲစခန်းထဲကို ပြန်လည် ဝင်ရောက်သွားပြီး တံတားဦးကျောင်း အနောက်ဘက်ကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် တံတားဦးရွာကို ထပ်မံ ဝင် ရောက် မွှေနှောက်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ စစ်ကိုင်းမြို့နယ် ရွှေလှေအုပ်စု တာတိုင်ရွာမှ အိမ်ထောင်စု ၁၁၀၊ လူဦးရေကျား၂၀၀ ဦး၊ မ၂၄၀ ဦး ပေါင်း ၄၄၀ ဦး စစ်ဘေးရှောင်နေရပါတယ်။ အိမ်ခြေ၆၀ခန့် မီးရှို့ခံရပါတယ်။ မီးလောင်လို့ ၀က်တစ်ကောင်၊နွားတစ်ကောင် သေဆုံးပါတယ်။ မွန်းလွဲ ၁ နာရီမှာ တာတိုင်ရွာကို စစ်တပ်က မီးဝင် ရှို့ ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article