33 C
Yangon

တန့်ဆည်တွင် တစ်အိမ်တက်ဆင်း ပစ္စည်းများလိုက် ခိုးနေသော စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၁၃ ဦးသေဆုံးဟုဆို

Must read

တန့်ဆည်တွင် တစ်အိမ်တက်ဆင်း ပစ္စည်းများလိုက် ခိုးနေသော စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၁၃ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာတွင် တပ်စွဲပြီး ပြည်သူပိုင်ပစ္စည်းများ ရှာဖွေခိုးယူနေသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦး ထိခိုက်သေဆုံးပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ကံထူးမစံပြရွာတွင် တစ်အိမ်တက်ဆင်း ပစ္စည်းများ လိုက်လံရှာဖွေ ခိုးယူနေသော စစ်ကောင်စီတပ်ကို PDFပူးပေါင်းတပ်များက ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၍ ၃ဦးဒဏ်ရာရရှိခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၈ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ပဒေသာမိုင်း နှစ်ကြိမ်ဆွဲတာ စခတွေ ၁၃ ဦး ထိခိုက်သေဆုံးတယ်လို့ သိရတယ်။ တိုက်ပွဲတွေမှာ အထိနာပြီး ဆေးကုဖို့အခက်အခဲရှိလို့ စစ်ကြောင်းထိုးရာကနေ တန့်ဆည်ဘက်ကိုပြန်ဆုတ်သွားတာ။ လူနာတွေနဲ့ အလောင်းတွေ ၁၅ ယောက် အထမ်းနဲ့ ထမ်းခေါ်သွားတာတွေ့တယ်”ဟု ရှေ့တန်းရဲဘော်ကပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား ၃ ဦးတွင် ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးပါဝင်ပြီး ဒဏ်ရာပြင်းထန်သောကြောင့် ဆေးကုသရန် အခက်အခဲရှိသဖြင့် အဆိုပါစစ်‌ကောင်စီတပ်မှာ စစ်ကြောင်းထိုးနေရာမှ တန့်ဆည်‌မြို့သို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း စစ်ကောင်စီသတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ပဒေသာမိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်ကို ရွှေဘိုခရိုင် တပ်ရင်း(၂၆) MDF-Taze Tiger၊ KPK၊ TSRနှင့် PLAအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article