28 C
Yangon

တန့်ဆည်မြို့နယ်၊ အင်ကုက္ကားကျေးရွာ စစ်တပ်စခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ပျူစောထီးနှင့်စစ်သား ၃၀ ကျော်သေဆုံးပြီး PDF ၂ ဦးကျဆုံး

Must read

တန့်ဆည်မြို့နယ်၊ အင်ကုက္ကားကျေးရွာ စစ်တပ်စခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ပျူစောထီးနှင့်စစ်သား ၃၀ ကျော်သေဆုံးပြီး PDF ၂ ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်ကုက္ကားကျေးရွာ စစ်တပ်စခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ပျူစောထီးနှင့်စစ်သား ၃၄ သေဆုံးပြီး PDF ၂ ဦးကျဆုံးကြောင်း တန့်ဆည် PDF မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၀၀ နာရီ ၅ မိနစ်အချိန် အင်ကုက္ကားကျေးရွာတွင် အထိုင်ချထားသော စစ်တပ်နှင့်ပျူစောထီး စခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်ပြီး စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ပျူစောထီးနှင့် စစ်သား ၃၀ ခန့် သေဆုံးပြီး PDF ၂ ဦးကျဆုံးကြောင်း သိရှိရသည်။

စစ်ဆင်ရေးတွင် ရွှေဘိုခရိုင်တပ်ရင်း ၂၅ ၊တပ်ရင်း ၆ ၊တပ်ရင်း ၉၊ တပ်ရင်း ၁၂ နှင့် တန့်ဆည်မြို့နယ် ပကဖတို့က ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် တန့်ဆည်မြို့နယ် စစ်တပ်စခန်း၊ စစ်တပ် တပ်စွဲထားသော တန့်ဆည်ဘောလုံးကွင်းနှင့် ထွေအုပ်ရုံးတို့ကို ရွှေဘိုခရိုင်တပ်ရင်း ၂၅ အထူးလက်နက်ကြီးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article