33 C
Yangon

ဖက်ဒရယ်နှင့် ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများနှင့် လက်တွဲမည်ဟု SSPP ကြေညာ

Must read

ဖက်ဒရယ်နှင့် ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများနှင့် လက်တွဲမည်ဟု SSPP ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်တိုးတက်ရေးပါတီ (SSPP)အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုလိုလား သော မည်သည့် အဖွဲ့ အစည်းများနှင့်မဆို လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP ) ဗိုလ်မှူး စိုင်းဖုန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟို ဌာန ချုပ်တွင် ကျင်းပသော မျက်နှာစုံညီအစည်းအဝေးအပြီး ကြေညာချက်တွင် အဆိုပါ အချက်ကို ထည့်သွင်းကြေညာခဲ့သည်။

“ကျနော်တို့အနေနဲ့ကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလိုလားတဲ့ ဘယ်အဖွဲ့အစည်းမဆို ပူးပေါင်းသွားဖို့ပါပဲ၊ ဘယ်အဖွဲ့အစည်းနဲ့ပေါင်းမယ်ဆိုတာ တိတိကျကျ ပြောတာထက် မိမိကိုယ်မိမိ တကယ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်လိုလား သလား၊ မလိုလားဘူးလားဆိုတာ မေးမြန်းတာ ပိုကောင်းမယ်၊ တစ်စုတစ်ဖွဲ့ကောင်းစားရေးလုပ်နေလို့ မရဘူး။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးကို လိုလားတဲ့ဘယ်အဖွဲ့အစည်းမဆို ပူးပေါင်းသွားဖို့ ထုတ်ပြန်ထားတယ်ဆိုတာရှင်းရှင်းလေးပါ” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးအရာသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ အမျိုး သား စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးတည် ဆောက်နိုင်ရန်အတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ဖက်ဒ ရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်ကြောင်း SSPP ၏ ကြေညာချက်အရ သိရှိရသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော လက်ရှိနိုင်ငံရေး အကြပ်အတည်းများကို အ ဖြေရှာ ကျော်လွှားနိုင်ရေးနှင့် အနာဂတ်ပြည်ထောင် စု တည်ဆောက်နိုင်ရေးသည် လူတစ်စု၊ လူမျိုးတစ် မျိုးတည်း၏ မူပိုင်အရေး မဟုတ်ဘဲ လူမျိုးဘာသာမရွေး ပြည်ထောင်စုသား တိုင်းရင်းသား လူမျိုးတိုင်း၏ သမိုင်း ပေးတာဝန်ဖြစ်သည့်အတွက် စုပေါင်းတာဝန်ယူဖြေရှင်းရမည်ဖြစ် ကြောင်း SSPP က ပြောဆိုသည်။

ဓာတ်ပုံ- SSPP တပ်ဖွဲ့ဝင်များ၏ စစ်ရေးပြ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article