29 C
Yangon

မြောင်မြို့နယ်၊ မရိုးကုန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၃ လုံးပြာကျ၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၇ လုံးပြာကျ

Must read

မြောင်မြို့နယ်၊ မရိုးကုန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၃ လုံးပြာကျ၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၇ လုံးပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၃ လုံးပြာကျခဲ့ကြောင်း Zamani Revolution Force/ MMU Myaung အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၃ လုံးနှင့် Zamani Revolution Force/ MMU Myaung အဖွဲ့၏ စခန်းငယ် ၂ ခုကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

” မရိုးကုန်းရွာကို စစ်ခွေးတွေ ဝင်စီးပြီး ကျွန်တော်တို့ Zamani Revolution Force/MMU Myaung အဖွဲ့ရဲ့ စခန်းငယ် ၂ ခုနဲ့ ပြည်သူပိုင် နေအိမ် ၂၃ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု Zamani Revolution Force/MMU Myaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၇ လုံးပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကျွန်းလှမြို့နယ် ကြာတကန်ရွာကို အကြမ်းဖက် စစ်တပ် ခြေမြန်တပ်ရင်း ၃၆၈ မှ စစ်သား နှင့် ပျူစောထီး အင်အား ၁၂၀ ခန့်က ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့​ပြီး နေအိမ် ၂၇ လုံးပြာကျခဲ့ကြောင်း သိရသည်။

ကြာတကန်ရွာသည် ပြည်သူပိုင် နေအိမ်​ ၁၄၁ လုံးရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က နေအိမ် ၂၇ လုံးနှင့် စစ်ရှောင်တဲ ၃ လုံး အပြင် စပါးတင်း ၁၀၀ ကိုပါ မီးရှို့ ပျက်ဆီးခဲ့​ကြောင်း သိရှိရသည်။

” ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ နေအိမ် ၂၇ လုံးကိုတော့ မီးရှို့ ဖျက်ဆီးသွားတယ်။ အဲစစ်ကြောင်းက အင်ကြင်းစုရွာကို ထွက်သွား​ပြီလို့ သိရတယ်။ ကြာတကန်ရွာနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတုန်းပဲ” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article