29 C
Yangon

ရန်ကုန်မြို့လယ်ခေါင်တွင် စစ်တပ်ထောက်ခံသော ၅၀၀၀ စားများမှ လွဲ၍ လူသူ ကင်းရှင်း နေဆဲဖြစ်ပြီး ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်တွင် ပါဝင်နေကြ

Must read

ရန်ကုန်မြို့လယ်ခေါင်တွင် စစ်တပ်ထောက်ခံသော ၅၀၀၀ စားများမှ လွဲ၍ လူသူ ကင်းရှင်း နေဆဲဖြစ်ပြီး ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်တွင် ပါဝင်နေကြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမအနီးတွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန် ကျော် လာသည် အထိ စစ်ထောက်ခံသော ၅၀၀၀ စားများမှ လွဲ၍ လူသူ ကင်းရှင်း နေဆဲဖြစ်ပြီး ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်တွင် ပါဝင်နေကြဆဲဖြစ်သည်။

ရန်ကုန်တွင် အာဏာသိမ်းမှု ၂ နှစ်ပြည့်ကို ကြိုဆိုသော စစ်တပ်ထောက်ခံပွဲ အတွက် မိုက်ကယ်ကျော်မြင့် ဦးဆောင်သော အဖွဲ့က ဗဟန်းဘက်မှ ရန်ကုန် မြို့တော် ခန်းမသို့ လမ်းလျှေက်လာကြရာတွင် စစ်တပ်နှင့်ရဲများက လက်နက် အပြည့်အစုံဖြင့် ဝန်းရံ ခြံရံ လိုက်ပါကြသည်။

“ဘေးနားမှာလည်း ရဲကား၊ စစ်ကားတွေ နောက်လိုက်တယ်။ လူကတော့ ရာဂဏန်း တောင်မရှိဘူး။ ယောက်လမ်းဘက်ကနေ ချီတက်လာတာ။ လမ်းက ရှင်းနေတော့ သူတို့ချည်းပဲ ထီးထီးကြီး။ ကားမရှိ လူမရှိဆိုတော့။ အခုတော့ မြို့တော်ခန်းမဘက်မှာ လူစုနေကြပြီ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ထောက်ခံကြိုဆိုပွဲများကို ပြုလုပ်နေကြပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ၊ ပျူစော ထီး (ခေါ်) ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ မဘသနှင့် အမျိုးသားရေး အဖွဲ့ များက မြို့နယ် ထွေ/အုပ်ရုံးများတွင် စုစည်းကြမည်ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း ကားများဖြင့် ရန်ကုန်မြို့အနှံ့ မြို့နယ်များ အလိုက် နေရာ များ ခွဲ၍ လှည့်လည်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article