29 C
Yangon

ရေးမြို့အခြေစိုက် ခမရ ၅၈၇ တပ်ရင်းဂိတ်စခန်းကို ဗုံးပစ်လောင်ချာဖြင့် တိုက် ခိုက်

Must read

ရေးမြို့အခြေစိုက် ခမရ ၅၈၇ တပ်ရင်းဂိတ်စခန်းကို ဗုံးပစ်လောင်ချာဖြင့် တိုက် ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့အခြေစိုက် ခမရ ၅၈၇ တပ်ရင်း ဂိတ်စခန်းကို ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဗုံး၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည် နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ခမရ ၅၈၇ ကင်းဂိတ်စခန်းရှိ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုမသိရ သေးကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ ကြောင်း ၊ နောက်နောင်တွင်လည်း ရေးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အတူ ဒေါက်တိုင်များကို အလျဉ်းသင့်သလို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကင်းဂိတ်ထဲမှာ စစ်ခွေး ၃ ကောင်ရှိတယ်၊ ၄၀ မမ ဗုံးသီးတစ်လုံးပစ်လိုက်တာ၊ ဂိတ်ကင်းထဲ တည့်တည့် ကျပြီးပေါက်ကွဲခဲ့တယ်၊ စစ်ခွေးသေဆုံးထိခိုက်မှုတော့ စုံစမ်းနေတုန်းပါ၊ သိရရင် ထုတ်ပြန်ပေးပါ့မယ်၊ ကျနော်တို့ရဲဘော်တွေ ပြန်ဆုတ်လာတဲ့အချိန်တော့ ပြန်ပစ်တာမကြားရဘူး၊ နောက်ပိုင်းတော့ မသိတော့ ဘူး” ဟု မွန်ပြည် နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ- မွန်ပြည် နယ်အခြေပြု တော်လှန်ရေးအဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article